အခန်း(၂၂)

1.4K 230 7
                                    


အခန်း(၂၂) ကျိုးမုဇီ၏ လက်ထပ်ပွဲ

ဝေ့ချန်သည် ကျိုးယွမ်ကို ချင်းဟယ်ရွာအဝင်ဝသို့ပြန်ပို့လိုက်သောအခါ လယ်အလုပ်၊ အိမ်အလုပ်များလုပ်နေကြသဖြင့် သူ့ကို လူအများကြီး မတွေ့ခဲ့ကြချေ။

ဝေ့ချန်သည် ကျိုးယွမ်ကို ရွာဂိတ်တံခါးဆီ လိုက်ပို့လိုက်သော်လည်း ကျိုးအိမ်သို့ မဝင်ဘူးခဲ့ချေ။ သူသာ ကျိုးအိမ်ထဲသို့ ဝင်ခဲ့ပါက ပြန်မသွားခင် နှောင့်နှေးသွားပေလိမ့်မည်။ ဝေ့လဲ့သည် မနက်စာဆိုင်ကိုတစ်ယောက်တည်း မနိုင်သောကြောင့် သူ အပြေးအလွှားပြန်သွားရပါမယ်။

မပြန်ခင် သူပြောလိုက်၏။ " ကိုယ် မနက်ဖြန်ကျရင် မင်းကို လာကြိုမယ် "

ကျိုးယွမ်က ဆိုလေ၏ " အင်း၊ ကျွန်တော် ခင်ဗျားလာကြိုမှာကို စောင့်နေမယ် "

"ယောက္ခထီးနဲ့ ယောက္ခမကို ကိုယ့်အတွက် နှုတ်ဆက်ပေးဦး၊ ကိုယ် မဝင်တော့ဘူး"

" ကောင်းပါပြီ၊ သိပြီ "

"မင်း ရွာထဲကိုအရင်ဝင်သွားလေ၊ ကိုယ် မသွားခင် မင်း ရွာထဲဝင်တာကို ကြည့်နေမယ် " ဝေ့ချန်သည် ကျိုးယွမ်ကို အရင်သွားခွင့်ပေးလိုက်ပြီး  ကျိုးယွမ် ကိုမတွေ့ရတော့မချင်း အိမ်မပြန်ခဲ့ချေ။

ထိုအချိန်တွင် အမေကျိုးသည် အိမ်၌ ခြံဝင်းထဲတွင်အလုပ်လုပ်နေပြီး၊ သူ့ဒုတိယနှင့်တတိယမရီးတို့လည်း ရှိနေကြကာ၊ ပထမမရီးသည် မီးဖိုချောင်တွင်မနက်စာချက်ပြုတ်နေလေ၏။ အဖေကျိုးနှင့် ကျိုးယွမ်၏ အစ်ကိုသုံးယောက်စလုံးသည် လယ်ထဲတွင် လယ်လုပ် နေကြ၏။

ကျိုးယွမ်သည် သူ့ဇာတိအိမ်သို့ ပြန်ရောက်သောအခါ သူသည် ထုပ်တစ်ခုနှင့် တံခါး၀တွင် ပေါ်လာလေ၏။ အမေကျိုးသည် မနက်အစောကြီး အထုပ်တစ်ထုပ်နှင့် တစ်ယောက်တည်းပြန်လာသော သူမ၏ကောလေးကို တွေ့လိုက်ရသောအခါ ထိတ်လန့်သွားလေ၏။

ကောလေးနှင့်သားမက်တို့ ကွဲကွာကြခြင်းဖြစ်နိုင်မလား။ အမေကျိုး၏ စိုးရိမ်နေသောနှလုံးသားသည် ချက်ချင်းပင် သူမလည်ချောင်းထဲ ရောက်လာလေ၏။

"ယွမ်ယွမ်၊ မင်း အိတ်တွေနဲ့ မနက်အစောကြီး ဘာလို့ပြန်လာတာလဲ။ မင်းခင်ပွန်းနဲ့ ရန်ဖြစ်တာလား" အမေကျိုးက စိုးရိမ်တကြီးမေးမြန်းဖို့ ရှေ့သို့‌တိုးလာလေ၏။

Traveling Through Ancient Times To Be a Shopkeeper《Myanmar Translation》Where stories live. Discover now