အခန်း(၁၁)

1.6K 245 0
                                    

အခန်း(၁၁) ခုနစ်ရက်အတွင်း လက်ထပ်

လက်ထပ်မည့်ရက်ကို သိလိုက်ရသောအခါ သူ အံ့သြသွားလေ၏။

"ဒုတိယ မင်းနဲ့ကျိုးကောတို့ ခုနှစ်ရက်အတွင်း လက်ထပ်ဖို့စီစဉ်ထားတယ်။ မင်းအဖေနဲ့ငါက ဧည့်ခံပွဲစီစဉ်မယ်။ မင်း ဧည့်သည်တွေကို ဖျော်ဖြေဧည့်ခံစရာမလိုဘူး။ မင်းကိုယ်တိုင် သတို့သမီးခေါ်သို့သွားရမယ်။ အောင်သွယ်ကျန်းက မင်္ဂလာဆောင်မယ့်နေ့မှ ကြိုပြီး မင်းကိုအသေးစိတ်ပြောပြလိမ့်မယ်။ "

ဝေ့မိသားစုသည် အမေဝေ့နှင့် အခြားလူများကို ကောင်တီမြို့သို့ တိုက်ရိုက်ခေါ်ဆောင်လာရန် ရထားတစ်စီးငှားခဲ့၏။ ဝေ့ချန်သည် မြို့တံခါးရှေ့မရောက်ခင် ရထားပေါ်မှဆင်းကာ အမေဝေ့က သူ မထွက်သွားမီ တားလိုက်လေ၏။

အမေဝေ့က မကျေမနပ်ချင်နေလေကာ “ ငါ ကျိုးကောကို မကျေနပ်ပေမယ့် မင်းက သဘောကျနေတာမို့၊ နောင်မှာ ကောင်းမွတ်တဲ့ဘ၀မှာ နေထိုင်နိုင်မှာပါ”

ဝေ့ချန်သည် လက်ထပ်မည့်ရက်ကို ကြားသိပြီးနောက် သူ အံ့အားသင့်သွားခဲ့ရသည်။

လက်ထပ်ပွဲသည် ခုနစ်ရက်သာလိုတော့သည်လား။

ရက်အလွန် ကပ်နေပြီဖြစ်၏။

ဝေ့ချန် သူ့ကိုယ်သူ ဆူပူကြိမ်းမောင်းချင်သွားလေ၏။

မူလက စေ့စပ်ပြီးနောက် ကောင်းမွန်သည့်အနာဂါတ်ရပြီးနောက်မှ ဇနီးနှင့် လက်ထပ်ဖို့ စီစဉ်ခဲ့လေသည်။

ခုနစ်ရက်အတွင်း လက်ထပ်ရတော့မယ်။

သူ ဘာလုပ်နိုင်မည်နည်း။

အကောင်းဆုံး ကြိုးစားဖို့သာလုပ်နိုင်လေ၏။

ဒါက ဘယ်လိုအခြေအနေမျိုးလဲ။

ကံကောင်းထောက်မစွာနှင့် သူသည် ဧည့်ခံပွဲနှင့် ဧည့်သည်များ ဧည့်ခံဖို့ကို ဂရုစိုက်စရာမလိုဘဲ၊ အိမ်ကိုသာ စီစဉ်ပြီး ဇနီးဖြစ်သူကို ခေါ်ယူခြင်းတွင်သာ အာရုံစိုက်ရုံသာဖြစ်၏သည်။

သို့သော် သူ့အိမ်၏ လက်ရှိပတ်ဝန်းကျင်ကို တွေးကြည့်လိုက်ပြီး၊ ၎င်းသည် လေတိုးနေကာ၊ ပျက်စီးယိုယွင်းနေပြီး သူ့မှာလည်း ငွေသိပ်မကျန်တော့ချေ။ အိမ်ကို ပြန်လည်ပြုပြင်မွမ်းမံလို့ မရသော်လည်း သပ်ရပ်အောင်တော့လုပ်ရမည်။ မျက်နှာပြင်တွင် အလွန် ညစ်ပေစုတ်ပြတ်မနေစေရပါ။ ဇနီးဖြစ်သူကို မှားယွင်းမိပြီး ဆင်းရဲသည့်ဘ၀၌ နေထိုင်ရသောမိသားစုတွင် လက်ထပ်လိုက်ရသည်ဟု လူများ အထင်မှားသွားစေနိုင်သည်။

Traveling Through Ancient Times To Be a Shopkeeper《Myanmar Translation》Where stories live. Discover now