အခန်း(၁၃)

1.6K 251 11
                                    

အခန်း (၁၃) လက်ထပ်ပွဲ

လက်သမားကျောက်သည် ဝေ့ချန်၏ မိသားစုကို မသိသောကြောင့် မေးမြန်းရန် တစ်စုံတစ်ဦးကို ရှာဖွေနေလေသည်။

လက်သမားကျောက်သည် တံခါးဝသို့ ပရိဘောဂများ လာပို့ရာ ဝေ့ချန် အံ့သြသွားလေသည်။

"ချန်အာ၊ မင်းစိတ်ကြိုက်လုပ်ထားတဲ့ ပရိဘောဂတွေ ပြီးအောင်လုပ်ဖို့ ငါ မနေ့က အပြေးအလွှားလုပ်ခဲ့တာ။ ဒီနေ့ မင်းကို တစ်မနက်လုံး ဆိုင်ထဲမှာ စောင့်နေခဲ့သေးတယ်။ ဒါပေမယ့် မင်း လာယူတာကို မတွေ့ဘူး။ မင်းလက်ထပ်ပွဲကိစ္စနဲ့ အလုပ်ရှုပ်နေတာမို့ လာယူဖို့အချိန်မရှိတာဖြစ်ရမယ်လို့ ငါ ခန့်မှန်းလိုက်တာ။ ဦးလေးကျောက် မင်းကို လာပို့ပေးလိုက်တော့ မင်း ခရီးတစ်ခု သက်သာသွားတာပေါ့ကွာ "

လက်သမားကျောက်၏မျက်နှာသည် ရွှင်လန်းမှုအပြည့်နှင့် စိတ်အားထက်သန်လွန်းနေလေ၏။ ဝေ့ချန်သည် ထိုအကြောင်းကို တွေးပြီး မျက်ခုံးအသာပင့်လိုက်လေ၏။

လက်သမားကျောက်သည် ကျင်းမိသားစုထံမှ အမှာကို ရရှိခဲ့ရုံသာမက စေ့စပ်ညှိနှိုင်းမှုရလဒ်သည် သူထင်ထားသည်ထက် အများကြီးပိုကောင်းခဲ့လေသည်။

"ဦးလေးကျောက်၊ ကိုယ်တိုင် လာပို့ပေးဖို့ ဒုက္ခဖြစ်သွားစေလို့ တောင်းပန်ပါတယ်ဗျာ " ဝေ့ချန်သည် မူလက အိမ်တွင် ပစ္စည်းများ စီစဉ်ပြီးမှ ၎င်းတို့ကို သွားယူဖို့ဖြစ်သော်လည်း၊ အိပ်ယာခင်းနှင့် အဝတ်အစားများကို အခန်းလွတ်ထဲသို့ ရွှေ့ထားခဲ့ရသည်။

"ချန်အာ၊ မင်းဒီလောက် ယဉ်ကျေးမနေနဲ့။ မင်းက ငါ့ကို ဦးလေးကျောက်လို့ခေါ်မှတော့ ဦးလေးတစ်ယောက်အနေနဲ့ မင်းရဲ့အိမ်တံခါးထိ ပရိဘောဂတွေ လာပို့ပေးသင့်တာပေါ့" လက်သမားကျောက်သည် အဒေါ်အဝေါ်ကို ပြောင်းလိုက်လေ၏။ " ဒါ့အပြင်၊ မင်း ဦးလေးကို ပုံကြမ်းတွေကူဆွဲပေးခဲ့တယ်လေ။ မင်းရဲ့ဦးလေး အခု အရမ်းအလုပ်များနေတယ်။ ငါ မင်းကို ကျေးဇူးအများကြီးတင်ပါတယ်"

"ဦးလေးကျောက်၊ ဒီနေ့ ခင်ဗျားရွှင်မြူးနေတဲ့ မျက်နှာကို ကြည့်ရတာ၊ ကျင်းမိသားစုရဲ့အမှာစာကို ရခဲ့ပြီလား " ဝေ့ချန်က မေးလိုက်၏။

Traveling Through Ancient Times To Be a Shopkeeper《Myanmar Translation》Where stories live. Discover now