အခန်း(၂၀)

1.3K 194 1
                                    

အခန်း(၂၀) ဝေ့လဲ့ကို အလုပ်ခန့်ခြင်း

လှေသမားများနှင့် အထမ်းသမားများသည် အလုပ်ဆင်းရန် လက်ဖက်ရည်တစ်ခွက်စာအချိန် ကျန်သေးသည်။

အလုပ်မရှိသော အထမ်းသမားများသည် စုရုံးပြီး နေ့လည်စာသွားစားရန် မည်သည့်ဆိုင်သို့ သွားရမည်ကို ဆွေးနွေးနေကြလေ၏။

" အရမ်းအရသာရှိတဲ့ ပန်ကိတ်လုပ်တဲ့ စားသောက်ဆိုင်အသစ်ရှိတယ်လို့ကြားတယ်။ ငါတို့ စမ်းကြည့်ကြမလား"

"မနေ့က လှေသမားတစ်ယောက် စားတာတွေ့တယ်။ အနံ့က အရမ်းကောင်းတယ်"

"လှေသမားတွေရဲ့လစာက များတယ်။ ငါတို့ အထမ်းသမားတွေက ပိုက်ဆံနည်းနည်းရဖို့ အလုပ်အရမ်းကြိုးစားရတယ်။ ပန်ကိတ်ကြီးက အရမ်းဈေးကြီးတယ်။ တစ်ခုကို ငါး၀မ်ဆိုတော့ ငါမတတ်နိုင်ဘူး"

"တစ်ခုကို ငါးဝမ်၊ ငါ ဘန်းမုန့်ပေါင်းနဲ့ အစာခြောက်ကို စားရင် တစ်နေ့ကို ငါး၀မ်ထက်နည်းတယ် "

“ အဲ့အကြောင်းမတွေးကြဦးစို့၊ ဒီနေ့ ငါတို့ ကုန်စည်တွေ ဘယ်လောက်ရွှေ့နိုင်မလဲ တွေးကြစို့။ လယ်အလုပ်နည်းတော့ ပစ္စည်းရွှေ့တဲ့ အလုပ်သမားတွေ ပိုများလာတယ်။ သူတို့တွေက ကုန်ပစ္စည်း‌တွေ ရွှေ့ဖို့ ပြိုင်ဆိုင်လာကြတယ်။ ငါ့လုပ်အားခက မနေ့ကထက် ၀မ်တော်တော် လျော့သွားတယ်။ အရင်ကဆို ဒီမှာ ငါရွှေ့ပြီးသွားပြီ။ ကုန်တွေတင်ချဖို့ တခြားကုန်သင်္ဘောတွေဆီ သွားနိုင်တယ်။ အခုတော့ တခြားကုန်သင်္ဘောတွေမှာ အလုပ်သမားတွေနဲ့ ပြည့်နေပြီ ”

"မကျေမနပ်ဖြစ်နေတာကို ရပ်လိုက်တော့။ အိတ်နည်းနည်းပိုရွှေ့ဖို့ စွမ်းအင်ချွေတာဖို့က အရေးကြီးတယ်"

"ခွန်အားက အကန့်အသတ်ရှိတယ်။ ဝေ့လဲ့နဲ့ တခြားသူတွေက ခွန်အားတော်တော်ကောင်းတဲ့သူတွေလို့ ငါထင်တယ်။ ငါတို့အဖွဲ့မှာ သူတို့က ပိုက်ဆံအများဆုံးရတဲ့သူတွေပဲ"

ဤ ပစ္စည်းရွေ့သမားများသည် ကောင်တီမြို့၏တောင်ဘက်အောက်ပိုင်းရှိ ကျေးရွာအများအပြားမှ ရွာသားများဖြစ်ကြပြီး၊ သူတို့အားလုံးသည် ဆိပ်ခံတံတားတွင် အထမ်းသမားများအဖြစ် လုပ်ကိုင်ကြသည်။

Traveling Through Ancient Times To Be a Shopkeeper《Myanmar Translation》Where stories live. Discover now