အခန်း(၁၅)

1.7K 253 7
                                    

အခန်း(၁၅) သတို့သမီးအခန်း

ဝေ့ချန်၏စားပွဲ၌ လက်သမားကျောက်လည်း တရုတ်ဇီးသီးအလွှာတစ်ထောင်ကိတ်မုန့်ကို သဘောကျပြီး၊ ဘယ်မုန့်ဆိုင်က ဝယ်ခဲ့သလဲဟု ဝေ့ချန်အား မေးလေ၏။ ဝေ့ချန် က “ဦးလေးကျောက်၊ ဒါကို အပြင်မှာ ဝယ်လို့မရဘူး။ ကျွန်တော်ကိုယ်တိုင်လုပ်ထားတာ ”

"မင်းကိုယ်တိုင်လုပ်ထားတာလား" လက်သမားကျောက် အံ့သြသွားလေ၏။

"ဟုတ်တယ်၊ ဦးလေးကျောက် ကြိုက်ရင်၊ ခဏနေရင် တစ်ဘူးပေးလိုက်ပါ့မယ်"

" ဒါဆို ဦးလေးကျောက် အားမနာတော့ဘူး "

လက်သမားကျောက်သည် ယခင်က ဝေ့ချန်၏ လက်မှုပညာကို အံ့အားသင့်ခဲ့ရပြီး၊ သူ့ယောက်ဖ ‌ကျိုးရုန်သည် ပထမဆုံးအကြိမ် စားဖူးခြင်းဖြစ်ကာ ဤအလွှာတစ်ထောင် တရုတ်ဇီးသီးကိတ်မုန့်၏ အရသာသည် ယခင်က သူ့ညီလေးအတွက် ဝေ့ချန်ဝယ်လာခဲ့သည့် အရသာထက်ပင် မဆိုးရွားခဲ့ချေ။ ပိုလို့တောင် ကောင်းလေ၏။

သူ့ယောဖတွင် ဤသို့သောအရည်အချင်းရှိပါက သူ့ယောက်ဖသည် သူ့ညီကို မထောက်ပံ့နိုင်မည်ကို စိုးရိမ်နေစရာ မလိုတော့ချေ။ စောစောကပင် ဝေ့ချန်၏အိမ်သည် အလွန်ပျက်စီးယိုယွင်းနေပြီး သူ့နာမည်အောက်တွင် မြေနှစ်မူသာရှိပြီး၊ တခြားအလုပ်အကိုင်လည်းမရှိချေ။ သူ ခဏလောက် စိတ်ပူခဲ့ရသော်လည်း ယခုစိတ်ပူစရာမလိုတော့ချေ။

ဝေ့ချန်၏ အိမ်ခန်းသစ်ထဲတွင် ပရိဘောဂအသစ်အစုံလိုက်ကို ကျိုးရုန်သာ မြင်ခဲ့ပါက၊ သူ့ယောက်ဖ၏ မိသားစုနောက်ခံသည် မကောင်းဘူးဟု သူထင်တော့လိမ့်မည်မဟုတ်ချေ။

ယခု သူ အိမ်ပြန်သွားသောအခါ ရှင်းပြစရာရှိပြီဖြစ်သည်။

စားပွဲတစ်ခု၌ အတူသောက်စားကြလေ၏။

ဝေ့ချန်သည် အနည်းငယ်မူးနေသဖြင့် စားပွဲမှလူများက သူ့ကိုလွှတ်ပေးလိုက်ပြီး သူ့ကိုဆက်မတိုက်ကြတော့ချေ။

ဝေ့ချန်သည် မိသားစုကွဲကွာသွားသောအခါ မိသားစု၌ ကူညီပေးမည့်သူ မရှိဘူးဆိုသည်ကို သူတို့အားလုံးသိကြ၏။ ပွဲပြီးသွပြီးနောက် လုပ်စရာအလုပ်များလည်း ရှိနေသေးသည်။

Traveling Through Ancient Times To Be a Shopkeeper《Myanmar Translation》Where stories live. Discover now