အခန်း(၂၅)

1.3K 186 6
                                    

အခန်း(၂၅) ဧည့်ခံပွဲ


သို့သော် ဝေ့ချန်သည် အောက်ခြေလိုင်းရှိ၏။

ဝေ့မိသားစုဝင်များ အားလုံးသည် စားပွဲတစ်ခုတည်းတွင်ရှိကြပြီး၊ အဓိကစားပွဲတွင် ဝေ့မိသားစုမှ ဂုဏ်ထူးဆောင် ဧည့်သည်များနှင့် ဝေ့မိသားစုမှ လူကြီးများဖြစ်ကာ၊ ကျန်စားပွဲနှစ်ခုမှာ ဝေ့မိသားစု၏ သခင်မကြီးနှင့် သူတို့ မိသားစုဝင်များ၊ သူ့ညီမဝေ့ကျန်းအပြင် အမည်မသိမိန်းကလေးတစ်ဦးဖြစ်လေ၏။

သပ်သပ်ရပ်ရပ် ၀တ်စားဆင်ယင်ထားပြီး ပြိုးပြိုးပျက်ပျက်အဖြစ်ဆုံး တစ်ယောက်သည် ဝမ်းကွဲဘေးတွင် ထိုင်နေလေ၏။ ယောက်ျားလေး ဆွေမျိုးများသည်လည်း  စားပွဲတစ်ခုတည်းတွင် ထိုင်ကြပြီး၊ ယောက်ဖလည်း ရှိနေသည်ကို မြင်လိုက်ရလေ၏။

ထို့ကြောင့် ဝေ့ချန်နှင့်ပတ်သတ်၍ ဘာမှမှားမနေခဲ့ချေ။

ဝေ့ချန်သည် ၎င်းကို စော်ကားမှုတစ်ခု ထင်လိမ့်မည်လား။ သူသည် ထိုသို့မတွေးချေ၊ ဝေ့မိသားစုသည် သူ့ကို ဤသို့ဆက်ဆံပြီး၊ ဝေ့မိသားစုနှင့် ဆက်ဆံရေးသည် အနာဂတ်တွင် အလွန်အကျွံ ထဲထဲ၀င်၀င်မရှိစေဖို့ ဝေးကွာနေလေ၏။ သက်ကြီးရွယ်အိုများအတွက်မူ၊ လူကြီးများ နာမည်တပ်ညွှန်ပြခြင်းကို အစိုးရိမ်ဆုံးဖြစ်ကာ၊ ယနေ့အခြေအနေအရ ပေါင်းသင်းဆက်ဆံရေးသည် အတော်လေးအားနည်းနေလေ၏။

သူသည် ၎င်းကိုမြင်ပြီး ၀မ်းသာကြည်နူးမိလေ၏။

"ခင်ပွန်း၊ အဆင်ပြေရဲ့လား" ကျိုးယွမ်သည် ဝေ့မိသားစုသည် အတူတကွ ပျော်ရွှင်စွာစကားပြောရင်း ရယ်မောနေကြရင်း၊ သူ့ခင်ပွန်းကို ဝေ့မိသားစု၏ ပြင်ပလူတစ်ယောက်ကဲ့သို့ အဝေးတွင်ထိုင်နေသည်ကို စောင့်ကြည့်နေခဲ့၏။ သူသည် ဤအခိုက်အတန့်တွင် အလွန်ဝမ်းနည်းနေခဲ့၏။

ထိုမှသာ ဝေ့မိသားစုတွင် သူ့ခင်ပွန်းသည် မည်ကဲ့သို့ ဆက်ဆံခံရသည်ကို သူသိရလေတော့၏။

မိသားစုထဲမှ လူကြီးများသည် တစ်ယောက်နှင့်တစ်ယောက် မတွေ့ချင်ကြသလို၊ ဝမ်းကွဲများကလည်း လုံး၀မယဉ်ကျေးကြချေ၊ ယခုလည်း —

Traveling Through Ancient Times To Be a Shopkeeper《Myanmar Translation》Where stories live. Discover now