အခန်း(၁၆)

1.9K 234 9
                                    

အခန်း(၁၆) ဘ၀လေးတစ်ခုတွင် နေထိုင်

ကျိုးယွမ်သည် စိတ်ဆိုးပြီး လူကိုလျစ်လျူရှုထားလေကာ အိမ်သန့်ရှင်းရေးလုပ်နေလေ၏။ ဝေ့ချန်သည် သူ့နောက်ကို လှည့်ပတ်လိုက်နေပြီး ကျိုးယွမ် ခြေလှမ်းတစ်လှမ်းလှမ်းလျှင် သူတစ်လှမ်းလိုက်လှမ်းပြီး၊ ကျိုးယွမ် ရေလဲဖို့ ရေသယ်ပါက သူသည် ရေသယ်ရေပုံးကို အမြန်ယူလိုက်၏။

ကျိုးယွမ်သည် ဒေါသမထွက်တော့သော်လည်း အနည်းငယ် ရှက်သွားပြီး ဒေါသကို ဖုံးသွားလေတော့၏။  ထို့အပြင် ဝေ့ချန်သည် သူ့နောက်မှ လှည့်ပတ်လိုက်ကာ ချော့နေပြီး၊ သူ့စိတ်ထဲရှိ ဒေါသများသည် အချိန်အတော်ကြာကတည်းက ပျောက်ကွယ်သွားပြီဖြစ်သည်။

"ယွမ်ယွမ်၊ ကိုယ်တို့ သန့်ရှင်းရေးလုပ်ဖို့ လိုသေးလား" ဝေ့ချန်သည် နေကိုကြည့်လိုက်ကာ အချိန်တွက်လိုက်၏။

" သန့်ရှင်းရေးလုပ်ဖို့ လိုသေးတယ်။ အိမ်ထဲမှာ နေရာတော်တော်များများက မသန့်ရှင်းရသေးဘူး" ကျိုးယွမ်သည် ပိတ်စကို လိမ်ညစ်လိုက်ပြီး စားပွဲကို ဆက်သုတ်နေလေ၏။

"ဒါပေမဲ့ ကိုယ်တို့ မိဘအိမ်ကိုသွားဖို့ ခရိုင်မြို့ကို သွားကြရမယ်လေ။ အရမ်း နောက်ကျသွားလိမ့်မယ်" ဝေ့ချန်သည် ညစာစားပြီးနောက် သတိပေးပြီး ဖြစ်ရပေမည်။

တကယ်တော့ ယခင်ကသာ သူတစ်ယောက်တည်း သွားရန်အဆင်ပြေခဲ့သည်။ အများစုမှာတော့ အမေဝေ့ သူ့ကို စကားနည်းနည်းကျိန်ဆဲပါ‌စေ၊ နာကျင်မှုရှိလိမ့်မည်မဟုတ်ချေ။ သို့သော် သူဇနီးကိုတော့ သူနှင့်ထပ်တူ မဆက်ဆံခံရစေချင်ပေ။

ကျိုးယွမ်သည် အရာအားလုံးကိုကြားပြီးနောက် ထိုနေရာတွင်ပင် အေးခဲသွားပြီး၊ သူ့လက်ထဲတွင်ရှိ အ၀တ်စုတ်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေ၏။

ဝေ့ချန်သည် သံသယနှင့် ကောက်ကိုင်လိုက်ပြီး မေးလိုက်၏။ " ယွမ်ယွမ်၊ ဘာဖြစ်လို့လဲ"

ကျိုးယွမ်သည် စိုးရိမ် ထိတ်လန့်နေသော အမူအရာနှင့် လှည့်ကြည့်လာကာ " ဒီမနက် မိဘတွေကို လက်ဖက်ရည်မတိုက်ခဲ့ရဘူး။ ခင်ဗျား ဘာလို့ ကျွန်တော့်ကိုသတိမပေးတာလဲ" သူ့ယောက္ခမများကို လက်ဖက်ရည်ဧည့်ခံဖို့ပင် မေ့သွားပြီး၊ သူ့အား သင်ပြပေးမည့်သူမရှိဘူးလားဟု အပြစ်တင်ခံရလိမ့်မည်စိုးနေခဲ့၏။

Traveling Through Ancient Times To Be a Shopkeeper《Myanmar Translation》Where stories live. Discover now