အခန်း(၁၂)

1.6K 241 3
                                    


အခန်း(၁၂) ဝေ့ချန်က ဆင်းရဲတယ်။

" ကျိုးယွမ်က ကောင်တီမြို့မှာ လက်ထပ်ရလောက်အောင် အရမ်းကံကောင်းတာပဲ "

" ပြောမနေနဲ့၊ အစတုန်းက ငါထင်နေတာက ကျိုးယွမ်ကို လက်ထပ်မှာသာဆို ဝေ့မိသားစုရဲ့သားက သေချာပေါက်ရုပ်ဆိုးမယ်ပေါ့။ ဘယ်သူသိမလဲ၊ သူက ရုပ်မဆိုးရုံတင်မကဘူး အရမ်းလည်း ကြည့်ကောင်းနေသေး။ အဲ့နေ့ကဆို ငါ အံသြသွားခဲ့တာပဲ  "

" ငါတော့ အဲ့လောက်ကြီးလည်း ကောင်းတယ်မထင်ပါဘူး။ ဝေ့မိသားစုရဲ့ လက်ထပ်လက်ဆောင်က ဝေ့မိသားစု ဘယ်လောက်ကောင်းတယ်ဆိုတာ သက်သေပြနေတာမဟုတ်ဘူးလေ "

"ခန်းဝင်ပစ္စည်းက ကျိုးမိသားစုအတွက်လေ။ ကောတစ်ယောက်နဲ့ လက်ထပ်တာက ခန်းဝင်ပစ္စည်းပို ပေးဖို့မတန်ဘူးလို့ ဝေ့မိသားစုက ထင်နေတာကြောင့်ပဲ၊ သူတို့ ခန်းဝင်ပစ္စည်းလျှော့ပေးကြတာနေမှာပေါ့ "

ဝေ့မိသားစု၏ ခန်းဝင်ပစ္စည်းသည် ကျိုးယွမ်၏အဒေါ်၏ ပါးစပ်ကြီးကြောင့်၊ ထိုတစ်နေ့တည်းမှာပင် ပြန့်သွားလေသည်။

ရွာထဲရှိလူတိုင်း ကြားလိုက်ကြသောအခါ သက်ပြင်းချကြလေ၏။ ဝေ့မိသားစုသည် ခန်း၀င်အများကြီးမပေးခဲ့သည့် အချက်ကို ရွာထဲရှိလူများအားလုံးသည် သဘောထားအမျိုးမျိုးရှိကြလေ၏။ ဝေ့မိသားစုသည် တွန့်တိုသည်ဟု တစ်ချို့ကထင်ကြ၏။  တချို့ကလည်း ကောနှင့်လက်ထပ်သည်ဆို လုံလောက်သော်လည်း သမီးမိန်းကလေးနှင့် လက်ထပ်မယ်ဆို မလုံလောက်ဘူးဟု၊ စသဖြင့် ပြောဆိုကြပြီး၊ ရွာသူရွာသားများ ညစာစားပြီးနောက် စကားစမြည်ပြောရန် အကြောင်းအရာတစ်ခု ဖြစ်လာခဲ့သည်။

ထိုမိန်းကလေးငါးယောက်လည်း စကားစမြည်ပြောရန် အတူတူစုဝေးကြပြီး၊ ကျိုးလန်လန်လည်း သူတို့ထဲတွင် ပါဝင်လေ၏။ သူတို့သည် အစိမ်းဖျော့ဖျော့ အဝတ်အစားဝတ်ထားသည့် မိန်းကလေးတစ်ယောက်၏အိမ်တွင် ရှိနေကြ၏။ ဤမိန်းကလေးကို လီကျစ်ချင်ဟုခေါ်ပြီး၊ သူမ၏မိသားစုသည် ရွာတွင် ချမ်းသာသည့်မိသားစုတစ်ခုလည်း ဖြစ်သည်။

လီကျစ်ချင်၏မိသားစုသည် ယခုအချိန်တွင် မြေကွက်မူနှစ်ဆယ်ကျော်ရှိပြီး မိသားစုသည်လည်း ကံကောင်းကြလေ၏။ သူတို့သည် ငါးနှစ် ခြောက်နှစ်အတွင်း ငွေချောင်းအမြောက်အမြားရရှိခဲ့ပြီး၊ ရွာတွင် ချမ်းသာသောအိမ်ထောင်စုမဖြစ်လာမီတွင် သူတို့၏မြေယာများကို ဆယ်မူကျော်အထိ တိုးလာခဲ့လေသည်။

Traveling Through Ancient Times To Be a Shopkeeper《Myanmar Translation》Where stories live. Discover now