အခန်း(၂၁)

1.4K 220 3
                                    

အခန်း(၂၁) ဆော့စ်လုပ်ငန်း

စျေးနှုန်းသည် အလွန်သက်သာလေ၏။ အိမ်တော်ထိန်း၀မ်သည် ဤကဲ့သို့စျေးပေါသော အစားအစာကို ပထမဆုံးအကြိမ်ဝယ်ခဲ့ခြင်းဖြစ်ပြီး သူအလွန်အံ့သြသွားလေ၏။ သူသည် ချောင်မိသားစု၏ သခင်ကြီးကို သတင်းပို့ခဲ့လေ၏။

ချောင်သခင်ကြီးက ကျယ်လောင်စွာ ရယ်မောပြီး " သူက စိတ်၀င်စားဖို့ကောင်းတဲ့ လူတစ်ယောက်ပဲ "

"သခင်ကြီး ဘာ့ကြောင့် ဒီလိုပြောရတာလဲ" သူသည် ကျေးလက်ရွာသားတစ်ယောက်ပင် မဟုတ်ပါလား။ ဘာက အရမ်းစိတ်ဝင်စားစရာကောင်းနေတာလဲ။ သခင်ကြီး၏ ချီးကျူးမှုနှင့် ထိုက်တန်နေသလား။

"မူလက သူက ကုန်ကြမ်းတွေကို စျေးနှုန်းမြှင့်ပြီး ငါ့ရဲ့ချောင်မိသားစုကို ရောင်းချနိုင်တယ်။ ဒါပေမယ့် သူမလြပ်ခဲ့ဘူး။ သူက ပေါက်ဈေးအတိုင်းပဲ ရောင်းခဲ့တာ။ ဒီလူက ငွေကိုအလေးမထားရုံသာမကပဲ စီးပွားရေးလုပ်တဲ့နေရာမှာလည်း ရိုးသားတဲ့သူတစ်ယောက်ပဲ "

" ဝေ့ချန်သာ စျေးမမျြင့်ဘူးဆိုရင်၊ သူက ချောင်အိမ်တော်ကို မျက်နှာသာပေးချင်တာဖြစ်နိုင်တယ် ” ဝေ့ချန်၏ မိသားစုနောက်ခံအကြောင်း စုံစမ်းမေးမြန်းခဲ့ပြီးဖြစ်ကာ သူနေထိုင်သည့်အိမ်သည် ရွှံ့အုတ်ကြွမ်မိုးအိမ်ဖြစ်နေတုန်းပင်။ သူသည် ပိုက်ဆံများများရှာဖို့ အခွင့်အရေးမယူပါက၊ နောက်ထပ်အတွေးတစ်ခုရှိနေခြင်းဖြစ်ရမည်။ သို့သော် ထိုသို့ပုံစံနှင့်လည်းမတူချေ။ သူသည် ဝေ့ချန်ကို နည်းနည်းတော့ နားမလည်နိုင်ပုံရလေ၏။

"အိမ်တော်ထိန်း၀မ် မင်းက တစ်သက်လုံးလိမ္မာပါးနပ်ခဲ့ပေမယ့်၊ တစ်ခုကိုတော့မေ့နေတယ်။ မင်းက လူတစ်ယောက်ပဲဖြစ်ဖြစ်၊ စီးပွားရေးသမားတစ်ယောက်ပဲ ဖြစ်ဖြစ်၊ မင်းရဲ့ဘ၀အတွက် အခြေခံမူတွေ ရှိထားသင့်တယ်။ ဝေ့ချန်လို့ခေါ်တဲ့ အဲဒီလူက အမြှော်အမြင်ကြီးတယ်။ အဲ့ဒီ အမြှော်အမြင်ကြီးတဲ့လူတွေက ရည်မှန်းချက်ရှိပြီး၊ ရိုးသားပြီး ကျေးလက်နေ လူကောင်းတွေပဲ ”

“ဈေးနှုန်းအမြင်အရ ဒီကုန်ကြမ်းစရိတ်က အရမ်းနိမ့်ပေမယ့် ဘာနဲ့လုပ်ထားလဲတော့ မသိဘူး”

Traveling Through Ancient Times To Be a Shopkeeper《Myanmar Translation》Where stories live. Discover now