201

481 26 0
                                    

အခန်း 201- ကုန်းယဲ့မုန်ယွဲ့

ရှေ့လမ်းတစ်လျှောက်တွင်တော့ မည်သည့်အတားအဆီးကိုမျှ သူတို့ မတွေ့ခဲ့တော့ပဲ အန္တရာယ်ကင်းစွာဖြင့် နတ်ဆိုးကြင်ရာတော်မြို့တော်သို့ ရောက်ရှိလာခဲ့သည်။

မြို့တွင်းသို့ ဝင်ရောက်ပြီးနောက် မကြာခင်မှာပင် ခမ်းနားထည်ဝါသော နန်းတော်ကြီးတစ်ခု ရှေ့သို့ ရောက်ရှိလာကြသည်။

“စီနီယာ... ဒါက အရှေ့ဘက်ဒေသက နတ်ဆိုးဘုရင်ရဲ့ စံအိမ်တော်ပါ... ကျေးဇူးပြုပြီး ဆင်းပါ စီနီယာ...!"

စူးယွဲ့မင်မှာ အဝတ်လဲထားပုံရ၏။ သူမသည် သင်္ဘောပျံမှ ဆင်းလာသည့်အချိန်တွင် အထက်တန်းကျကျ ၀တ်ဆင်ထားကာ ရီချန်းဂျီအား အပြင်သို့ ဖိတ်ခေါ်ခဲ့လိုက်သည်။

ကျင့်ကြံနေခဲ့သော ရီချန်းဂျီသည် သင်္ဘောပျံပေါ်မှ ထွက်လာခဲ့သည်။ သူ့အရှေ့မှ မြင့်မားသော နန်းတော်ကြီးအား သူ၏ နတ်ဘုရားအာရုံကို အသုံးပြုကာ ကြည့်ရှုစစ်ဆေးကြည့်လိုက်လျှင် သူ့အား ကြိုဆိုနေဟန်ရသည့် လူအုပ်ကြီးအား မြင်လိုက်ရ၏။

"ငါ့ကို ကြိုဖို့ လူတိုင်းကို ဒုက္ခရောက်စေမိပြီ..."

စူးယွဲ့မင် အမြန် ဦးညွှတ်လိုက်၏။

“အဲဒီလို မဟုတ်ပါဘူး... စီနီယာက အရမ်းအားကောင်းတာမလို့ သူတို့က စီနီယာ အလိုရှိတာခိုင်းဖို့ ရောက်လာကြတာပါ... ကြိုမပြောမိလို့ တောင်းပန်ပါတယ် စီနီယာ..."

သူမ အနားတွင် နန်းမင်လီသည် စစ်သူကြီးတစ်ဦးအဖြစ် ၀တ်ဆင်ထားဆဲဖြစ်ပြီး သူမ၏စကားများမှာ ခပ်တိုတိုသာ ဖြစ်သည်။

“စီနီယာ... ကျေးဇူးပြုပြီး စံအိမ်ထဲကိုဝင်ပါ... နတ်ဆိုးဘုရင်က စီနီယာကို ကြိုဆိုဖို့ ပွဲစီစဥ်ထားပါလိမ့်မယ်...”

ရီချန်းဂျီလည်း စကားပြောမနေတော့ပဲ အားဟူ၊ ဝမ်ပင်းနှင့် တခြားသူများကို ဦးဆောင်ကာ နတ်ဆိုးဘုရင်စံအိမ်ထဲသို့ ဝင်သွားလိုက်တော့သည်။

နန်မင်လီနှင့် စူးယွဲ့မင်တို့သည် အရှေ့ပိုင်းဒေသ နတ်ဆိုးဘုရင်ထံ ဦးစွာ သတင်းပို့ရသဖြင့် သူတို့နှစ်ဦးမှာ သူနှင့်အတူ လိုက်မလာခဲ့ကြပေ။

ငါ့တပည့်တွေရူးနေကြပြီ(Book2)Where stories live. Discover now