အခန်း 215- နန်းတော်မှထွက်ပြေးလာသောမင်းသမီး
“ပြောစရာတစ်ခုခုရှိရင် ပြောပါ...”
ရီချန်းဂျီသည် မိုလင်ထွက်မသွားသေးသည်ကို တွေ့သဖြင့် လျစ်လျူရှုထားရာမှ ကိုယ်နှုတ်အမူအရာပြည့်စုံသော ပညာရှင်တစ်ဦး၏ ဟန်ပန်အပြည့်ဖြင့် ထိုင်နေလျှက်ရှိရာမှ မေးလိုက်၏။
နင်းမန်မန်းသည် သူတို့နှစ်ဦးကို သံသယဖြင့် ကြည့်လိုက်သည်။ ထိုအစေခံငယ်လေးမှာ အမှန်တကယ် ထိုအရာအား အလိုရှိနေသည် မဖြစ်နိုင်ပေ။
နင်းမန်မန်း၏အကြည့်ကို အာရုံခံစားမိသဖြင့် ရီချန်းဂျီမှ စိတ်စွမ်းအင်ဖြင့် ရှင်းပြခဲ့လိုက်ရသည်။
"ငါ့ကို အတူခရီးထွက်လာတာပဲ... မင်း ငါ့အကြောင်း မသိဘူးလား..."
“လူလိမ်ကြီး... ဘာတွေ အသံတိုးတိုးနဲ့ လာပြောနေတာလဲ... ကျွန်မ ဒီလို မပြောနိုင်တာ မသိဘူးလား..."
"ဒါဆို မင်း ခု ဘယ်လိုပြန်ပြောနေတာလဲ..."
နင်းမန်မန်းမှာ သူ့အား ခပ်တိုးတိုးကျိန်ဆဲလိုက်ပြီး သူ့ကို ယုံကြည်ဖို့သာ ရွေးချယ်ခဲ့သည်။ ရီချန်းဂျီသည် အမှန်တကယ်ပင် ထိုသို့သောလူမဟုတ်ကြောင်းလည်း သူမခံစားခဲ့ရသည်။
သူမသည် ထိတ်လန့်ဟန်ဆောင်နေသော်လည်း နင်းမန်မန်းသည် သူတော်စင်တပိုင်းအဆင့်သို့ ရောက်လုနေပြီဖြစ်သော ပညာရှင်တစ်ဦးသာ ဖြစ်သည်။
နင်းမန်မန်သည် ပြင်ပမှနတ်ဆိုး၏ သက်ရောက်ခြင်းကို ခံရပြီးကတည်းက လူတို့၏ နှလုံးသားကို ခံစားနိုင်စွမ်းများသည် သာမာန်ထက် ပိုမိုအားကောင်းလာခဲ့သည်။
မိုလင်၏ ထိတ်လန့်တုန်လှုပ်နေသော အသွင်အပြင်အောက်တွင် ငြိမ်သက်စွာ ရှိနေသော နှလုံးသားကို သူမ ခံစားနိုင်ပေသည်။
သူမ လုံးဝ ထိတ်လန့်သွား၏။
"မင်း ဘယ်သူလဲ ပြောစမ်း...."
မိုလင်အား မည်သူမည်ဝါဖြစ်သည်ကို စတင်စစ်ဆေးမေးမြန်းလိုက်စဉ်တွင်ပင် နင်းမန်မန်း၏ခန္ဓာကိုယ်မှ သတ်ဖြတ်လိုစိတ်များ တဖြည်းဖြည်း မြင့်တက်လာနေခဲ့တော့သည်။