202

466 26 1
                                    

အခန်း 202- နတ်ဆိုးအင်ပါယာကမ္ဘာတစ်ခုလုံးကိုလှုတ်ခတ်စေခြင်း

“ကျုပ်က နတ်ဆိုးအင်ပါယာကမ္ဘာရဲ့ ရတနာပစ္စည်းတွေနဲ့ သိပ်မရင်းနှီးဘူး... နတ်ဆိုးဘုရင်မဆီမှာ ခင်ဗျားတောင် မဖျက်စီးနိုင်တဲ့ ဘာပစ္စည်းတွေ ရှိသလဲ ကျုပ် သိလို့ရမလား...”

ကုန်းယဲ့မုန်ယွဲ့ သည် အင်ပါယာနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူမ၏ ခွန်အားသည် နတ်ဆိုးအင်ပါယာကမ္ဘာတစ်ခုလုံးတွင် ပထမအဆင့်အတန်းဖြစ်သည်။

သူမ တစ်ခဏမျှ ကြောင်သွားပြီး သေချာစဥ်းစားနေ၏။

“သခင်ရီ... ခဏစောင့်ပါဦး... ကျွန်မ သွားရှာလိုက်ပါမယ်..."

ထိုနောက် မတ်တပ်ထရပ်ကာ သူမ၏ နောက်လိုက်များကို ခေါ်သွားခဲ့တော့သည်။

ရီချန်းဂျီ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွား၏။

ဤအရှေ့ဒေသမှ နတ်ဆိုးဘုရင်မသည် သူ့အား ချည်နှောင်ရန် အမြဲတစေကြိုးစားနေခဲ့သည်။

သူမမှာ ရိုးသားဟန်ရသော်လည်း ပန်းပဲပညာအကြောင်း လုံးဝမသိသည့်ပုံ မဟုတ်ပေ။ တမင် ထုတ်မပြပဲ သူ့ကို စမ်းသပ်ချင်လိုခြင်းသာ ဖြစ်ရပေမည်။

“သူ့မှာလည်း လှည့်ကွက်သေးသေးလေးတွေရှိတာပဲ.... အင်း... နတ်ဆိုးဘုရင်လေးပါးထဲက တစ်ယောက်ဆိုတဲ့အတိုင်းပါပဲ...”

ကုန်းယဲ့မုန်ယွဲ့ အချိန်အတော်ကြာ ပျောက်ကွယ်သွားပြီး ပြန်ပေါ်မလာတော့ပေ။

ရီချန်းဂျီလည်း လုံးဝ အလျင်မလိုပေ။ အေးအေးဆေးဆေးသာ ကျင့်ကြံရင်း ထိုင်စောင့်နေလိုက်သည်။

အရှေ့ဘက်ဒေသမှ နတ်ဆိုးဘုရင်မသည် သေချာပေါက် ပေါ့ပေါ့တန်တန် မလုပ်ရဲပေ။ မည်သည့်အရာက သူမ၏ ခွန်အားဖြင့် မပျက်စီးနိုင်သလဲကို တစ်ခုချင်းစမ်းသပ်နေလေသည်။

ခန်းမထဲတွင် လက်ဖက်ရည်သောက်ရင်း ခန္ဓာကိုယ်ကို ပြုပြင်ကျင့်ကြံရင်းနှင့် မကြာခင် ညနေစောင်းလာလေပြီ။

"စောင့်ဆိုင်းပေးလို့ ကျေးဇူးတင်ပါတယ် သခင်ရီ... ကျွန်မ ကိုယ်တိုင် စမ်းသပ်ပြီးမှ ဒီပစ္စည်းတွေကို ယူလာခဲ့တာပါ....”

ငါ့တပည့်တွေရူးနေကြပြီ(Book2)Where stories live. Discover now