211

513 33 0
                                    

အခန်း 211- နတ်ဆိုးမလေး နင်းမန်မန်း

"အမ် ဘာပြောတာလဲ… ငါခုနကပဲ ဒီထဲကို လမ်းလျှောက်ဝင်ကြည့်လာရုံပါ..."

ရီချန်းဂျီသည် သူမ၏ ကြမ်းတမ်းသော အသွင်အပြင်ကြောင့် ထိတ်လန့်သွားသကဲ့သို့ တုန်လှုပ်ဟန်ဆောင်လိုက်ကာ အသံတုန်တုန်နှင့် ပြန်ပြောလိုက်သည်။

သူသည် ဤနေရာကို မတော်တဆ ဝင်ရောက်လာမိသော သေမျိုးလူသားတစ်ဦးနှင့်ပင် တူနေလေသည်။

"ဟန်ဆောင်နေတုန်းပဲလား..."

ကလေးမလေးသည် ထီမထင်သောအကြည့်ဖြင့် ကြည့်နေ၏။ ထို့နောက် သူမ မတ်တပ်ထရပ်ပြီး ရီချန်းဂျီ ရှေ့သို့ လှမ်းလာရင်းပြောလိုက်သည်။

"မင်းမှာ ကျင့်ကြံမှုရှိတာကို ငါ မမြင်ဘူးလို့ မင်း တကယ်ထင်နေတာလား... မင်းက ငါ့ကို လိမ်ဖို့ ငယ်သေးတယ်... ငါက နင်းမန်မန်း...!"

ဟူး...!

ရီချန်းဂျီ နောင်တရသွား၏။

စောစောက သိခဲ့လျှင် ဤတံခါးကို ဖြိုဖျက်ရန် သူ၏ ဝိညာဉ်စွမ်းအားကို အသုံးပြုမည်မဟုတ်ပေ။

သေမျိုးလူသားအယောင်ဆောင်ခြင်းဖြင့် သူမထံမှ အချက်အလက်များ ပိုမိုရနိုင်ပေလိမ့်မည်။

'ကဲ ဒီလို ဖြစ်လာပြီဆိုမှတော့ ငါ ဟန်ဆောင်မနေတော့ဘူး... ငါ့ ဝှက်ဖဲတွေကို နည်းနည်းထုတ်ပြလိုက်မယ်...'

ရီချန်းဂျီသည် သူ၏ ဟန်ဆောင်မှုများကို ဖယ်လိုက်ပြီး တစ်ချိန်တည်းမှာပင် သူသည် ပရိတ်သတ်လွတ်လပ်ခြင်းကျင့်စဥ်ကို အသက်သွင်းခဲ့လိုက်သည်။

နတ်ဘုရားတစ်ပါး၏ ဖိအားများသည် နင်းမန်မန်း၏ နှလုံးကို ချက်ချင်းပင် လှုပ်ခါသွားစေ၏။ ထို့အတူ ပရိတ်သတ်လွတ်လပ်ခြင်းကျင့်စဥ်ကို မြင်ပြီးနောက် သူမ၏ မျက်လုံးများလည်း ပြူးကျယ်သွားလေသည်။

“မင်းက… လွတ်လပ်ခြင်းနန်းတော်ရဲ့ တပည့်တစ်ယောက်လား... လွတ်လပ်ခြင်းနန်းတော်က လူတွေ အကုန်လုံး မသေကြသေးဘူးလား... အပြင်လောကမှာရော ဘယ်လိုအခြေအနေရှိလဲ... လွတ်လပ်ခြင်းနန်းတော်မှာ လူ ဘယ်နှစ်ယောက်ရှိသေးလဲ..”

ငါ့တပည့်တွေရူးနေကြပြီ(Book2)Where stories live. Discover now