အခန်း 298- လီမိသားစု
“အင်ပါယာတစ်ပါး…”
ထိုသို့ အစွမ်းထက်သည့် အော်ရာကို ခံစားလိုက်ကြရသည့်အခါ သူတို့၏ မျက်နှာများတွင် မလေးစားသည့် အမူအရာများ မရှိတော့ပေ။ ဖြူဖျော့သော မျက်နှာဖြင့် နင်းမန်မန်းကို ကြည့်လိုက်မိကြသည်။ ထိုကဲ့သို့သော အမျိုးသမီးငယ်သည် အမှန်တကယ် အင်ပါယာတစ်ပါး ဖြစ်နေလိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့မိပေ။
အင်ပါယာအဆင့်များသည် ဤကမ္ဘာတွင် အလွန်တရာပေါများနေသော်လည်း ဟာသတော့ မဟုတ်ခဲ့ပေ။
နင်းမန်မန်းမှာ အလွန်တရာ ငယ်ရွယ်သေးသည့် ပုံပင်ဖြစ်သည်။ သူမသည် အသက်ဆယ့်ခုနစ်နှစ်၊ ဆယ့်ရှစ်နှစ်မျှသာရှိသေးပုံရသော်လည်း အစစ်အမှန် အင်ပါယာတစ်ပါး ဖြစ်နေပြီ ဖြစ်သည်။ ဂိုဏ်းကြီးများမှ ဉာဏ်ကြီးရှင်များသည် လက်တွေ့လေ့ကျင့်ရန် ဤနေရာသို့ ရောက်ရှိနေခြင်း ဖြစ်နိုင်မလား။
ထိုအချက်ကို တွေးမိပြီး ပို၍ပင် ကြောက်ရွံ့သွားကြသည်။
ဂိုဏ်းကြီးတစ်ခုခုကို မတော်တဆ စော်ကားမိလျှင် သူတို့ဂိုဏ်း၏ အင်အားနှင့် ခဏချင်းအတွင်း ဖျက်စီးခံလိုက်ရပေမည်။ သူတို့တွင် ခုခံနိုင်ခြေ လုံးဝမရှိပေ။
ယခုနက အခြေအနေနှင့်ယှဥ်လျှင် ယခုအခြေအနေမှာ ပြောင်းပြန်ဖြစ်သွားပုံရ၏။ အစောပိုင်းက သူတို့၏ စိတ်လှုပ်ရှားနေသည့် အမူအရာများသည် ယခုအခါ အလွန်ပင် စိတ်ဓာတ်ကျပြီး ကြောက်လန့်နေကြလေသည်။
“နတ်မိမယ်လေး.... ကျေးဇူးပြုပြီး ကျုပ်တို့ရဲ့ အသက်ကို ချမ်းသာပေးပါ... ကျုပ်တို့ မင်းကို စော်ကားဖို့ မရည်ရွယ်ပါဘူး.... နောက်နေ့ကျရင် ကျုပ်တို့ရဲ့ ကျေးဇူးသိတတ်မှုကို ဖော်ပြဖို့ နတ်မိမယ်ဆီကို လက်ဆောင်ကြီးတစ်ခု ကျုပ်တို့ နေဝင်ဆည်းဆာဓားဂိုဏ်းက ပို့ပေးပါမယ်....” မျက်နှာတွင် အမာရွတ်နှင့်လူက ပြောလိုက်သည်။
သူတို့မှာ ရွေးချယ်စရာမရှိတော့ပေ။ ထိုကဲ့သို့ ကျွမ်းကျင်သူနှင့် ရင်ဆိုင်ရန် သူတို့မှာ သတ္တိမရှိခဲ့ပေ။
သူတို့ဂိုဏ်းမှ အကြီးအကဲတစ်ပါးပါးကသာ ထိုအဆင့်နှင့် စကားပြောနိုင်ပေလိမ့်မည်။
![](https://img.wattpad.com/cover/357916555-288-k175524.jpg)