အခန်း 216- ဂူပိုးကောင်ကျင့်စဉ်
"အသင်္ချေကောင်းကင်ဂူပိုးကောင်ပြင်ဆင်ခြင်းကျင့်စဥ်"
၎င်းသည် လျှို့ဝှက်အစွန်အဖျားဂိုဏ်း၏ ကျမ်းဂန်မှတ်တမ်းစာကြည့်တိုက်တွင် တွေ့ရှိရသည့် ကျင့်ကြံနည်းစနစ်တစ်ခုဖြစ်သည်။
၎င်းကို ဂူပိုးကောင်ကျင့်စဥ်ဟုခေါ်ဆိုပြီး ထိုကျင့်စဥ်အား ကျင့်ကြံပြီးနောက် ခန္ဓာကိုယ်ထဲ ထည့်ထားသည့် ဂူပိုးကောင်များအားလုံးတွင် စွမ်းရည်အသစ်များရှိလာမည်ဖြစ်သည်။
ဤကျင့်စဥ်ကို ကျင့်ကြံပြီးနောက် ဂူပိုးကောင်များသည် ၎င်းတို့၏မူလစွမ်းရည်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ပြီး အပိုအနေဖြင့် ကုသနိုင်သောစွမ်းရည်များကို ရရှိလာမည်ဖြစ်သည်။
ထိုကုသနိုင်စွမ်းသည် ဂူပိုးကောင်ကိုသာမက ဂူပိုးကောင်၏ လက်ခံထားသည့်ခန္ဓာကိုယ်ကိုလည်း သက်ရောက်စေနိုင်သည်။
ထို့အပြင် ဤကျင့်စဥ်မှာ ကျင့်ကြံရန် အလွန်လွယ်ကူလှသည်။
အသင်္ချေဂူပိုးကောင်ကျင့်စဥ်။
၎င်း၏ နာမည်အတိုင်း ၎င်းမှာ ဂူပိုးကောင်များ များများမွေးလေ ပိုမိုသန်မာလာလေဖြစ်သည်။
ထိုအစွမ်းသည် ဂူပိုးကောင်များကိုသာမက လက်ခံသူကိုပါ သက်ရောက်စေသည်။
၎င်းသည် အလွန်ရိုးစင်းသော်လည်း အလွန်အစွမ်းထက်သော ကျင့်ကြံနည်းတစ်ခုဖြစ်သည်။
သို့သော် ဆိုးရွားသည့် ချို့ယွင်းချက်တစ်ခု ရှိနေခဲ့သည်။
ဂူကောင်မည်မျှ မွေးမြူထားပါစေ ဂူကောင်ကျင့်ကြံခြင်းကျင့်စဥ်ကြောင့် ဂူကောင်များ၏ ခွန်အားများ တိုးလာမည် မဟုတ်ပေ။
ထိုကျင့်စဥ်သည် အားကောင်းသည့် အထောက်အပံ့တစ်ခုအဖြစ်သာ ရရှိမည်ဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းရည်ကတော့ လျစ်လျူရှုထားလို့ ရလောက်အောင်ပင် နည်းပါးနေသည်။
ဤကျင့်စဥ်သည် ယခုအချိန်တွင် အရေးပေါ်လိုအပ်နေသည့် ပြဿနာကို ဖြေရှင်းပေးနိုင်ရုံသာမက မိုလင်းကိုလည်း စိတ်ကျေနပ်စေပေလိမ့်မည်။
