210

535 27 2
                                    

အခန်း 210- လူသားတောင်တန်းကမ္ဘာ

ဝိညာဉ်စွမ်းအင်များ ကုန်ဆုံးသွားလေသည်။

ကွဲအက်နေသော တည်နေရာကူးပြောင်းခြင်းအစီအရင်ထဲမှ လမ်းလျှောက်ထွက်လာရင်း ရီချန်းဂျီသည် ဤနေရာသည် အလွန်တရာ တိတ်ဆိတ်နေသည့် နေရာဖြစ်ကြောင်း ပထမဆုံး ခံစားမိလိုက်သည်။

ထိုနေရာရှိ ကောင်းကင်နှင့်မြေကြီးကြားရှိ ဝိညာဉ်စွမ်းအင်များသည် နတ်ဘုရားနယ်ပယ်ရှိ သူကဲ့သို့ အားကောင်းသည့်သူတစ်ဦးအတွက်ဆိုလျှင် လျစ်လျှူရှုထား၍ ရလောက်အောင် အားနည်းနေသည်ဟု ဆိုနိုင်ပေသည်။

ဤနေရာ၌ ကျင့်ကြံခြင်းဖြင့် သူ၏ကျင့်ကြံမှုကို ပြန်လည်ကောင်းမွန်ရန်မှာလည်း ခက်ခဲလှပေမည်။

ရီချန်းဂျီလည်း ဤနေရာက ဘာလဲဆိုသည်ကို မသိနိုင်ခဲ့ပေ။

သူ၏ ဝိညာဉ်အာရုံများသည် မိုင်ပေါင်းတစ်သောင်းကျော် ဖြတ်သန်းကာ စစ်ဆေးခဲ့သော်လည်း ကျင့်ကြံသူတစ်ဦးတစ်ယောက်ကိုပင် ရှာမတွေ့ခဲ့ပေ။

ထိုနေရာရှိ သက်ရှိအားလုံးသည် ကျင့်ကြံခြင်းမရှိသည့် သာမာန်သေမျိုးများဖြစ်နေခဲ့ကြသည်။

"စနစ် ဝင်ရောက်ပါ..."

ရီချန်းဂျီ သူ့စိတ်ထဲမှ တိတ်တဆိတ် ပြောလိုက်သည်။

"ဒင်...! လူသားတောင်တန်းကမ္ဘာ၏ လွတ်လပ်ခြင်းနန်းတော်သို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါတယ်..."

“ဆုလာဘ် ကျင့်စဥ် : ပရိတ်သတ်လွတ်လပ်ခြင်းကျင့်စဥ်...”

၎င်းသည်လည်း နောက်ထပ်ကျင့်စဥ်တစ်ခုသာ ဖြစ်ပေသည်။

ရီချန်းဂျီသည် စကားပင် မပြောနိုင်တော့ပေ။ ယခင်က သူသည် နတ်ဆိုးအင်ပါယာကမ္ဘာတွင် စနစ်သို့ ဝင်ရောက်သည့်အခါကလည်း သူသည် ကျင့်စဥ်များကို အကြိမ်ကြိမ်အခါခါ ရရှိခဲ့သည်။

လူသားတောင်တန်းကမ္ဘာတွင် သူ၏ ပထမဆုံးအကြိမ် စနစ်သို့ဝင်ရောက်ခြင်းသည်လည်း ရရှိလာသည့် ဆုလာဘ်မှာ အခြားသော ကျင့်စဥ်တစ်ခုသာ ဖြစ်နေပြန်သည်လော။

ငါ့တပည့်တွေရူးနေကြပြီ(Book2)Where stories live. Discover now