318

339 12 1
                                    

အခန်း 318- ငရဲဝိညာဉ်လက်သည်းကျင့်စဉ်

"အကြီးအကဲမို.... ကျေးဇူးပြုပြီး ခင်‌ဗျား ကျုပ်တို့ မုမိသားစု ဂုဏ်သိက္ခာအတွက် တိုက်ခိုက်ပေးပါ..."

မုမိသားစုမှ လူများဘက်တွင် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသူအား မုပါ့ထျန် အနားကပ်ကာ လေးလေးစားစားဖြင့် တစ်စုံတစ်ခု ပြောခဲ့လိုက်သည်။

ထိုအချိန်တွင် မုဝူဖာသည်တော့ မျက်နှာပင် မ‌မော့ရဲတော့ပဲ ခေါင်းငုံ့၍သာ ရှိနေခဲ့တော့သည်။

သူသည် ထျန်းဒူမြို့တော်တွင်သာ ရက်စက်ကြမ်းကြုတ်မောက်မာစွာ ပြုမုနိုင်သော်လည်း အနက်ရောင်ဝတ်ထားသူ၏ ရှေ့တွင်တော့ သူသည် အမိန့်နာခံတတ်တော့ ကလေးတစ်ယောက်လိုပင် ဖြစ်နေလေသည်။

မဟာလျိုနန်းတော်မှ လူများသည် သာမန်ဂိုဏ်းအကြီးအကဲများသာ ဖြစ်သည့်တိုင် သူတို့ အလွယ်တကူ စော်ကားနိုင်သောလူများ မဟုတ်ကြပေ။

မဟာလျိုနန်းတော်။

မြောက်ပိုင်းကန္တာရဒေသ၏ အင်အားကြီးများထဲမှ တစ်ခု။ နေဝင်ဆည်းဆာဓားဂိုဏ်းပင် သူတို့ရှေ့တွင် ကလေးသာသာအဆင့်သာ ရှိသည်။

သူတို့လို မိသားစု အသေးလေးမပြောနှင့် မြောက်ပိုင်းကန္တာရဒေသတစ်ခုလုံးတွင်ပင် မဟာလျိုနန်းတော်ကို ဆန့်ကျင်ရဲသူ သိပ်မရှိပေ။

"မင်း လျှောက်သရုပ်ဆောင်မနေနဲ့... ငါ မင်းတို့ မိသားစုရဲ့ မိးအရိပ်ကိုယ်ခွဲကို လိုချင်တယ်...." အကြီးအကဲမိုမှ အေးစက်စွာ ပြောလိုက်သည်။

မုပါ့ထျန် တုံ့ဆိုင်းသွား၏။ မိးအရိပ်ကိုယ်ခွဲသည် သူတို့မိသားစု၏ မူပိုင်ခြေလှမ်းနည်းစနစ်ဖြစ်သည်။ အကြီးအကဲမိုမှာ ၎င်းကို ယခင်က တစ်ကြိမ်ပြောခဲ့ဖူးသော်လည်း သူသည် အကြောင်းအရာကို လိမ္မာပါးနပ်စွာ ပြောင်းလဲခဲ့သည်။

ဤတစ်ခေါက်တွင်တော့ လွယ်ကူတော့မည် မဟုတ်ပေ။ တစ်ဖက်လူ၏ အဓိပ္ပါယ်မှာ အလွန်ရိုးရှင်းသည်။ သူလိုချင်သည်ကို မရလျှင် ဘာမှ ပြန်လုပ်ပေးမည် မဟုတ်ပေ။

သူ တစ်ချက်စဥ်းစားကာ ခေါင်းညိတ်ပြလိုက်ပြီး -

“ကောင်းပြီ အကြီးအကဲမို.... ကျုပ်တို့မုမိသားစုရဲ့ ဂုဏ်သိက္ခာကို ဆယ်တင်ဖို့ ကူညီနေသရွေ့ မိးအရိပ်ကိုယ်ခွဲကျင့်စဥ်ကို ကျုပ် တိုက်ရိုက်ပေးလိုက်မယ်...."

ငါ့တပည့်တွေရူးနေကြပြီ(Book2)Where stories live. Discover now