အခန်း 250- ရှီရှန်း၏ မောက်မာမှု
"ဖွီး...!"
ထိုအချိန်တွင် ချူးယွဲ့လီ သွေးတစ်လုပ် အန်ထုတ်လိုက်ရ၏။ တိုက်ခိုက်မှုအတွင်း သူမသည် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်။
လုယန်ချီလည်း ထိတ်လန့်တကြားနှင့် ဖျော့တော့သွား၏။ သူမ၏မျက်နှာတွင် စိုးရိမ်စိတ်များနှင့် ပြည့်နှက်နေလေသည်။
"ဆရာ.... အဆင်ပြေရဲ့လား..."
သူမ တကယ်ကြောက်ရွံ့နေခဲ့သည်။ သူမအတွက်မဟုတ်ပေ။ ကောင်းကင်နှင်းနန်းတော်တစ်ခုလုံး အန္တရာယ်ဖြစ်လာမည်ကို သူမ ကြောက်ရွံ့နေသည်။
ကန္တာရဓားဂိုဏ်းကာသာ ကောင်းကင်နှင်းနန်းတော်ကို တိုက်ခိုက်ခဲ့မည်ဆိုလျှင် ရှီရှန်းကို ယှဥ်ပြိုင်တိုက်ခိုက်ဖို့ အင်အားရှိနိုင်မည်လော။
"အဆင်ပြေတယ်... ငါ အဆင်ပြေတယ်...."
ချူးယွဲ့လီသည် သူမ၏ ခန္ဓာကိုယ်အတွင်းမှ ပွက်ပွက်ဆူကာ လည်ချောင်းထဲ တက်လာနေသော သွေးများကို မျိုချလိုက်ပြီး လက်ကို ဝှေ့ယမ်းကာ အဆင်ပြေယောင်ဆောင်လိုက်သည်။
သူမသည် ရှီရှန်းကို အေးစက်စွာကြည့်နေလေသည်။
သူမအား ကြည့်ရသည်မှာ ငြိမ်သက်နေသယောက် ရှိသော်လည်း တုန်လှုပ်ချောက်ချားမှု လှိုင်းလုံးများက သူမနှလုံးသားထဲတွင် တိုးဝင်နေလျှက် ရှိပေသည်။ အင်ပါယာအဆင့်ခွန်အားသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ တိုက်ပွဲပင်မစရသေး ကွာဟချက်က ထိုမျှ ကြီးမားသည်ကို သူမ သဘောပေါက်လိုက်ရသည်။
အထွတ်အထိပ်အဆင့် အင်ပါယာတစ်ပိုင်း ဒါဇင်နှင့်ချီလျှင်တောင်မှ အဆင့်တစ်ဝက် အင်ပါယာအား ယှဉ်နိုင်မည်မဟုတ်ပေ။
ထို့အပြင် ကောင်းကင်နှင်းနန်းတော်တစ်ခုလုံးတွင် အထွတ်အထိပ်အဆင့် အင်ပါယာတစ်ပိုင်း အများအပြား မရှိပေ။ သူတို့၏ဂိုဏ်းသည် နက်နဲခိုင်မာသော အုတ်မြစ်ရှိသော်လည်း အင်ပါယာတစ်ပိုင်းဖြစ်လာရန်မှာ မလွယ်ကူလှပေ။
ကောင်းကင်နှင်းနန်းတော်တွင် အင်ပါယာတစ်ပိုင်း တစ်ဒါဇင်ခန့်မျှသာ ရှိသည်။ ၎င်းတို့ကပင် သူတို့ဂိုဏ်း၏ အဓိက ခွန်အားများ ဖြစ်သည်။