312

219 8 0
                                    

အခန်း 312- ခရမ်းရောင်အမျိုးသမီး

သို့သော်လည်း နင်းမန်မန်း သူ့ကို တစ်ချက်ပင် မကြည့်ပေ။

မူဝူဖာသည် လျစ်လျူရှုခံရသည်ဟူသော ခံစားချက်ကို မခံစားနိုင်ပေ။ နောက်ဆုံး သူ့မျက်နှာဖုံး ကွာကျလာတော့သည်။

နင်းမန်မန်း၏ အလိမ်ကို ခံခဲ့ရကြောင်း သူ သဘောပေါက်သွားသည်။ နင်းမန်မန်းပြောခဲ့သမျှသည် လိမ်ညာမှုသာဖြစ်သည်။ သူတို့ ယခုမှ ထျန်းဒူမြို‌တော်ကို ရောက်လာခြင်း မဖြစ်နိုင်ပေ။

"ကောင်းတယ်.... အရမ်းကောင်းတယ်... ဟိုင်ဖန်  သူတို့အကုန်လုံးကို ဖမ်းလိုက်..." သူတကယ်ကို ဒေါသထွက်သွားခဲ့သည်။

မြို့တော်တစ်ခုလုံးတွင် သူ့ကိုမြင်လျှင် မည်သူမျှ မကြောက်ရွံ့ပဲ မနေရဲပေ။ ယနေ့တွင်တော့ လူမြင်ကွင်းတွင် တစ်စုံတစ်ယောက်မှာ သူ့ကို ပေါ်တင်ပင် ရန်စခဲ့မည်ဟု မည်သူက ထင်မည်နည်း။

သူ့ဂုဏ်သိက္ခာများ အကုန်ဆုံးရှုံးသွားသည့်အတွက် ဟိုင်ဖန်အား သည်လူများကို ဖမ်းခိုင်းပြီး သေသည့်အထိ နှိပ်စက်ခိုင်းရပေမည်။

ဟိုင်ဖန် ခေါင်းညိတ်လိုက်သည်။

ဘာမှပြန်ပြောမနေဘဲ လေထုထဲတွင် အရှိန်အဝါများ မြင့်တက်လာလေသည်။ နင်းမန်မန်းနှင့် အခြားနှစ်ယောက်ကို ဖမ်းရန် သူတို့ထံသို့ ဦးတည်သွားနေပြီ ဖြစ်သည်။

သူ့အရှိန်မှာ အခြားသူများ၏ မျက်စိထဲတွင် အလွန်အမင်း မြန်ဆန်လှသည်။ လူတိုင်းသည် နောက်ဆက်တွဲ အဖြစ်အပျက်များကို ကြိုမြင်နေခဲ့ကြသည်။

သို့သော် အထင်နှင့် အမြင် တက်တက်စင်အောင် လွဲသွား၏။ ဟိုင်ဖန်မှာ ထိုသုံးယောက်အနား မရောက်ခင်မှာပင် နောက်သို့ ပြန်လွင့်လာကာ ဖင်ထိုင်လဲကျနေသည်ကို မြင်လိုက်ရသည်။

သူ့မျက်နှာပေါ်တွင် လက်ဝါးရာ အကြီးကြီးဖြင့် မြေကြီးပေါ်တွင် ပက်လက်ကြီး လဲကျနေလေသည်။

ဟိုင်ဖန် အံသြသွား၏။ အင်ပါယာတစ်ပိုင်းအဆင့်မှ သူသည် ဘာမှပင်မလုပ်လိုက်ရပဲ လေထဲ လွင့်သွားခဲ့မည်ဟု မထင်ထားခဲ့ပေ။ ထိုနေရာတွင်ပင် သူ အကြာကြီး ငြိမ်သက်နေမိခဲ့သည်။

ငါ့တပည့်တွေရူးနေကြပြီ(Book2)Where stories live. Discover now