330

86 5 0
                                    

အခန်း 330- အကုန်ယူသွားလို့ရမလား

နေဝင်ဆည်းဆာဓားဂိုဏ်းမှ လူများအားလုံး ကြက်သေသေနေမိကြသည်။

ရီချန်းဂျီသည် ဂိုဏ်း၏ တံခါးမှတဆင့် ဝင်ရောက်လာချိန်မှစ၍ အကြီးအကဲများနှင့် ယင်နီထျန်းကိုယ်တိုင်ထွက်လာပြီး ဂိုဏ်း၏ ဝှက်ဖဲကိုပင် ထုတ်သုံးကာ တားဆိးခဲ့သည်တိုင် လုံးဝအတားအဆီးမရှိသလို ဖြစ်နေခဲ့သည်။

အဝေးမှ ကြည့်နေကြသော တပည့်များလည်း အသူတရာချောက်နက်ကြီးထဲပြုတ်ကျနေသော မျှော်လင့်ချက်များဖြင့် ‌ခေါင်းကိုသာ ငုံ့နေကြရ၏။

သူတို့၏ဝိညာဉ်များမှာ တုန်လှုပ်မှု၊ မယုံကြည်နိုင်မှု၊ စိတ်ပျက်အားငယ်မှုတို့ကို ခံစားနေခဲ့ရသည်။

သူတို့ မျက်လုံးများပင် အသက်မဲ့နေ၏။ ထိုအသက်မဲ့သော မျက်လုံးများဖြင့်ပင် ရင်ပြင်ပေါ်တွင် ထီးထီးရပ်နေသော လူငယ်အား လှမ်းကြည့်နေမိကြသည်။ သူတို့ ထိုလူငယ်ကို ရန်စစော်ကားမိခဲ့သည်။ ယခု သူတို့ ရှုံးနိမ့်ခဲ့ပြီ။ သူ့လက်ခုပ်ထဲမှ ရေဖြစ်ခဲ့ကြလေပြီ။ သူတို့ ဘာမှမတတ်နိုင်တော့ပေ။ ထိုလူငယ် ပြုသမျှ နုကြရန်သာ ရှိတော့သည်။

ဂိုဏ်းမှ လူများအားလုံး ထုံသွားကာ ကြောင်စီစီဖြစ်ကုန်၏။

ရီချန်းဂျီသည် ထိုမျှ ကြောက်စရာကောင်းနေမည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။ သူတို့၏ နေဝင်ဆည်းဆာဓားဂိုဏ်းမှ လူတိုင်းသည် ရီချန်းဂျီကို ရှုံးနိမ့်ခဲ့သည်။

ရီချန်းဂျီ လာခေါ်သဖြင့် လိုက်ပါလာခဲ့သော လီမြောင်လင်သည်လည်း ရီချန်းဂျီသည် ဤမျှ ထိတ်လန့်ဖွယ်ကောင်းနေမည်ဟု မမျှော်လင့်ထားခဲ့ပေ။

ယခင်ကတည်း ရီချန်းဂျီသည် အလွန်အစွမ်းထက်သည်ဟု သူမ ခံစားခဲ့ရသော်လည်း ဤမျှထိတ်လန့်ဖွယ်ကောင်းမည်ဟုတော့ သူမ မမျှော်လင့်ခဲ့ပေ။ ဤဂိုဏ်းတစ်ခုလုံးသည်ပင် သူ့ကို မယှဥ်နိုင်ပေ။

အထူးသဖြင့် နတ်ဘုရားအဆင့်တစ်ဦးနှင့် အင်ပါယာအဆင့်ဆယ်ဦးကျော် ပေါင်းစပ်ထားသည့် အစီအရင်ကြီးသည်ပင် ရီချန်းဂျီကို မယှဉ်နိုင်ခဲ့ပေ။

ငါ့တပည့်တွေရူးနေကြပြီ(Book2)Where stories live. Discover now