Zawgyi
DTTH Part5 >ပြွတ်<ရိပေါ်နှင့် ကျန့်တို့သည် တခြားစားပွဲဝိုင်းတို့နှင့်မတူစွာ ကွက်ကွင်း၍ တိတ်ဆိတ်နေသည် ။ ကျန့်သည်တော့ တရှဲရှဲမြည်နေသောအကင်အိုးပေါ်တွင် ၀က်သားလွှာများအား လှန်လိုက်မှောက်လိုက်လုပ်နေသော်လည်း ရိပေါ်စကားကိုကြားပြီးကတည်းက ပါးစပ်ထဲ အသားတစ်စတောင်မထည့်ရသေးပါ ။ ရိပေါ်၏ လက်ထဲတွင်တော့ ဘီယာခွက်သည် တစ်ဝက်လျော့ပြီးနေပြီဖြစ်သည်။
" ကော အသားတွေပဲစားနေတယ် အာခေါင်ခြောက်မှာပေါ့ သောက်ဦးလေ"
" အွန်း "
ကျန့်သည် ပီပီသသပင်မပြောဘဲ နှုတ်ခမ်းများကို တင်းတင်းစေ့ရင်း လည်ချောင်းသံကြီးနှင့် အင်းပြီး လက်နဲ့မဝေးသည့် ဘီယာခွက်ကို မျက်လုံးများမှိတ်လျက် တစ်ခွက်လုံးမော့ချလိုက်တော့ ပေါ့သွားသလိုလိုပင် ။
"ဟိုလေ ကော"
အခါးအရှိန် ပေါ့အောင်ခေါင်းကိုတဆတ်ဆတ်ခါပြီး အကင်စားမယ်ရှိသေး ရိပေါ်အသံကြောင့် အကင်ညှပ်ကို ပြန်ချလိုက်ရသည်။အိုးမလုံတော့ အုံပွင့်သည်မလား ။
စိတ်မလုံတော့ ရိပေါ်စကားပြောမှာကိုပဲ လန့်နေရသည် ။ရိပေါ်လည်း တစ်ဝက်ကျန်သေးသည့် ဘီယာခွက်ကိုအကုန်ထပ်မော့လိုက်ပြီး ပြောမယ့်စကားအတွက် ကျန့်ကိုတစ်ချက်ကြည့်လျက်အရှိန်ယူသည်။
" ကော ကို သဘောကျတယ် "
" ဘာ! "
ဒီကလေးကောင် မူးနေပြီလား ။
မနေ့က ဂျင်ဆင်းဘီယာဘူးက အသိတစ်ယောက်နယ်ကနေ ဖော်စပ်ထားပြီးလက်ဆောင်ပေးထားသည့် သဘာဝဂျင်ဆင်းအားဖြည့် ဘီယာမို့ အခါးအရသာနဲ့ အားဖြည့်ရုံသာ ။ အခုသောက်သည့် ဘီယာက သဘာဝမဟုတ်တော့ စသောက်ဖူးသည့် ရိပေါ် အာလေးလျှာလေးစပြုလာသည်။ရိပေါ် ထုတ်သာမပြောခဲ့တာ ကျန့်ကရိပ်မိပါသည် ။
ငယ်ငယ်လေးတည်းက ဒီကလေးကောင်က သူ့ကို အမြဲအရိပ်တကြည့်ကြည့်နဲ့အနားမှာ တွယ်ကပ်ချင်နေခဲ့တာပဲ ။ ရိပေါ်က စာအရမ်းတော်ပြီး ရုပ်ချောတယ့် ကျန့်ကို အမြဲဂုဏ်ယူခဲ့ပြီး သူငယ်ချင်းတွေကိုလည်း ကြွားဝါတတ်သေးသည် ။ ဒါကို ဒီကလေးကောင်ပိုလွန်းတယ်လို့တောင် သတ်မှတ်ချင်သေးတာပဲ။
![](https://img.wattpad.com/cover/356873166-288-k825892.jpg)
YOU ARE READING
direct to the heart ~DTTH~
Fanfiction>ZawgyiUnicode < "ကျွန်တော်သွားမယ့် လမ်းက တစ်လမ်းပဲရှိတယ်ကော ...... အဲ့တာ ကောရဲ့နှလုံးသားဆီသွားမယ့် လမ်းကြောင်း" " ၀မ်ရိပေါ်ဆိုတယ့် ကလေးကောင်က တော်တော်အန္တရာယ်များတယ် "