" ဖြေရတာမောနေပြီလားရှောင်ကျန့် တစ်ခုကျန်သေးတယ်နော် "
" မောတော့မမောပါဘူး စိတ်လှူပ်ရှားဖို့တော့ကောင်းတယ်ကျဲ ရဲ့ "
" ဟုတ်ပါပြီ နောက်ဆုံးQကတော့ ရှောင်ကျန့်အချစ်ရေးလေးကို မေးထားတာဖြစ်ပါတယ် လက်ရှိ ဒါရိုက်တာကြီး ရဲ့ အချစ်ရေး အကြောင်းလေး သိချင်ပါတယ်နော် "
" အဟမ်း အချစ်ရေးအကြောင်းပေါ့နော်"
အဓိက ပွိုင့် ၊ မိန်းပွိုင့်ပေါ့ ။
ဒီအင်တာဗျူး ဖြေရတယ့်အကြောင်းရင်း
အဓိက အကြောင်းရင်း ။
ပတ်ဝန်းကျင်ကဖြစ်ဖြစ် ဘယ်သူတွေကဘယ်လို ထင်ကြေးပေးပေး ။
ချစ်ရတယ့်သူ အထင်လွဲ အမြင်လွဲမှာကိုတော့ ကျန့် လက်မခံချင်ပါ ။ချစ်တယ် .... သူကလေးကောင်ကိုချစ်တယ် ဒီထပ်ပိုပြီး ကလေးကောင် သူ့အပေါ်အထင်မြင်တွေလွဲမှားပြီး မုန်းသွားမှာကိုမလိုလားချင်ဘူး ။
အဲ့တာ ဘာလို့လဲဆိုတော့ .....
ကလေးကောင်ကိုချစ်လို့ ။ဒီအင်တာဗျူးပြီးသွားတယ့်အခါ ကလေးကောင်ဆီအရင်သွားမယ် ။ ပြီးရင် ရှင်းပြမယ် ။ ဘာကြောင့်ရှင်းပြနေလဲ မေးတယ့်အခါ ကလေးကောင်ကို သိပ်ချစ်ကြောင်း ဖွင့်ပြောမယ် ။ ကလေးကောင်ရဲ့ လစ်ဟာနေတယ့် မှတ်ဉာဏ်ဆိုးတွေမှာ သာယာတယ့် ရင်ခုန်စိတ်လှူပ်ရှားစရာတွေပဲ ဖန်တီးပေးမယ် ။
သိပ်ချစ်ရတယ့်အကြောင်းတွေပြောပြီး အတိတ်က ခံစားခဲ့ရသမျှ ကိုယ်ကအတိုးချပြီးချစ်ပေးပါ့မယ်ဝမ်ရိပေါ် ....
" အဟမ်းဆိုတာ ချွဲကျပ်တာလားဒါရိုက်တာကြီး "
" ဟုတ်တယ်ဗျ .... ဟီးဟီး ဟုတ်ပါပြီ ကျွန်တော့အချစ်အကြောင်းလေးပြောရရင် စိတ်မကောင်းစရာတော့ရှိတယ် Single မဟုတ်ပေမယ့် တွဲနေတယ့်သူမရှိသေးပါဘူး "
" အယ် တစ်မျိုးနော်ဒါရိုက်တာကြီး"
" ဟုတ်ကဲ့ တွဲနေတယ့်သူမရှိတာကို ကျွန်တော့်ကို တစ်မျိုးအထင်လွဲတာလေးတွေရှိလို့ပါ သိပ်မကြာခင်က ပုံတချို့ပျံ့နေတယ်ပေါ့နော် အဲ့အတွက် ကျွန်တော့်ဖက်က ဖြေရှင်းချက်ထပ် အဲ့ပုံတွေကိုမှားဖြန့်ဝေမိတယ့်ပေ့ချ်က တာဝန်ရှိသူတွေရဲ့ အတည်ပြုချက်ကို စောင့်ကြည့်ပေးကြပါဦးလို့ ပြီးတော့ အဲ့တာက သတင်းမှားသာဖြစ်ကြောင်း အသိပေးလိုပါတယ်နော် "
YOU ARE READING
direct to the heart ~DTTH~
Ngẫu nhiên>ZawgyiUnicode < "ကျွန်တော်သွားမယ့် လမ်းက တစ်လမ်းပဲရှိတယ်ကော ...... အဲ့တာ ကောရဲ့နှလုံးသားဆီသွားမယ့် လမ်းကြောင်း" " ၀မ်ရိပေါ်ဆိုတယ့် ကလေးကောင်က တော်တော်အန္တရာယ်များတယ် "