DTTH >28< တသက်လုံးသာဆိုရင်

179 16 4
                                    

‍‍‍‍‍‍" ခင်ဗျား ခင်ဗျား ဘာလာလုပ်ပြန်တာလဲ ကျွန်တော့ ကျွန်တော့်လက်ကိုလွှတ်ပေးပါ"

သူအရင်ဆုပ်ကိုင်ထားခဲ့ပြီးမှ အခုတော့ခါးခါးသီးသီးလုပ်နေပြန်သည် ။

" ငါ့လက်ကိုမင်းအရင်ကိုင်ခဲ့တာလေ"

ရိပေါ်က မယုံသလိုမျက်နှာမဲ့ခါ လက်နှစ်ဖက်ကိုပြန်ငုံ့ကြည့်နေသေးသည်။

" ဘာကြောင့်ကျွန်တော်ကကိုင်ရမှာလဲ "

ကျန့်မခြောက်သေးသည့်မျက်ရေစီးကြောင်းလေးဆက်၍ စိုလက်စဖြစ်လာပြန်သည်။ ......

" ဟင့် ဟင့် ငါ ငါရှောင်ကျန့်လေ ဘာလို့ အဲ့လိုကြီးဖြစ်နေရတာလဲ ငါ ငါ့ကိုရူးအောင်လုပ်နေတာပဲ ဟင့် ဟင့် "

ကျန့်ကလေးတစ်ယောက်လိုငိုရိုလာသည့်အခါရိပေါ်ခေါင်းကြီးသွားသည် ။

" ဘာလို့ငိုနေတာလဲ ကျွန်တော်ခင်ဗျားကိုပြောပြီးပြီလေ ခင်ဗျားကိုမသိပါဘူးဆိုနေမှ
မငိုပါနဲ့ ခင်ဗျားငိုတာ မမြင်ချင်ဘူး "

" ဝမ်ရိပေါ် ကျေးဇူးပြုပြီး ဟင့်"

ဝမ်ရိပေါ်မှာ ရင့်ရင့်သီးသီးငြင်းဆန်နေတော့ ကျန့်မှာ မျက်လုံးဝိုင်းဝိုင်လေးတို့တွင် တွဲခိုနေသောမျက်ရေပေါက်လေးတို့အား လက်ခုံဖြင့်သွက်သွက်ဖယ်ရှားခါ ရိပေါ်၏ အင်္ကျီစလေးအား လုံးချေကိုင်ခါ ကလေးလေးလို ဂျစ်တိုက်သလိုဖြစ်နေသည် ။

" ဟာ ရှောင်ကျန့်ရောက်လာပြန်ပြီလား"

" ရှောင်းပိုင် သူကျွန်တော့်ဆီလာပြီးငိုနေတယ်
မသိပါဘူးဆိုနေ ဆက်တိုက်ကြီးလာပြီးနှောင့်ယှက်နေတာ "

ကျန့်ကိုစိတ်ရှုတ်စရာကောင်းသလိုကြည့်ပြီး ရှောင်ပိုင်အား အားကိုးတကြီးခေါ်တာကြားလိုက်ရတော့ ကျန့် အ​ဝေးကြီးသို့ တွန်းထုတ်ခြင်းခံလိုက်ရသလိုပင် ။

" ရှောင်ကျန့် မင်းကျေးဇူးပြုပြီးနားလည်ပေးပါ ရိပေါ်ကျန်းမာရေးပြန်ကောင်းလာခါစမှာ
အခက်တွေ့အောင်မလုပ်ပါနဲ့"

" ငါဝမ်ရိပေါ်ကို အခက်တွေ့အောင်လုပ်နေတာမဟုတ်ဘူး ပြီးတော့နှောင့်ယှက်နေတာလည်းမဟုတ်ဘူး "

direct to the heart ~DTTH~Where stories live. Discover now