zawgyi
" ပါး မား "" အိမ်မှာ ဘယ်သူမှမရှိကြဘူးလား
နေဦး ငါ ပါးကိုဖုန်းဆက်လိုက်ဦးမယ် "ကျန့်နဲ့ရိပေါ် ညနေဖက်ကြီးရွာရောက်တော့ အိမ်သည်သော့ခတ်လျက်သားဖြစ်နေသည် ။
" အယ် ရိပေါ် သားရောက်နေတာလား"
" ကြီးယဲ့ ! "
ရွာထဲက အိမ်များသည် တစ်ခြံနှင့် တစ်ခြံအရမ်းမဝေးတာကြောင့် ကျန့်တို့ကားအသံကြားသည့် ဘေးခြံကအမျိုးသမီးကြီး တစ်ယောက်က ထွက်လာပြီး ရိပေါ်နှင့် ကျန့်ကို သေချာလေးကြည့်ယူရင်း အနားကိုလာသည် ။
" ဘေးက ဘယ်သူတုံး မြင်ဖူးပါရဲ့ကွယ်"
" ကျွန်တော် ရှောင်ကျန့်ပါ ကြီးကြီးယဲ့
မမှတ်မိဘူးလားဗျ "လူအနားရောက်လာတော့ ကျန့်ပါးလေးတွေကို လက်ဖဝါးလေးဖြင့် အသေချာလေးအုပ်ကိုင်ကြည့်ပြီး ခေါင်းတဆတ်ဆတ်ငြိမ့်လာသည်။
"ဩ ဩ .... အဆိုးလေးကိုး အဆိုးလေးကိုး""
အငယ်ကို အလျှော့မပေးဘဲ အမြဲမာမာထန်ထန်ဆက်ဆံနေတာကို ကြီးယဲ့မျက်မြင်ပဲမို့ ကျန့်ကိုဆို အဆိုးလေးလို့ဘဲ အမည်ပေးးထားခြင်းဖြစ်၏။
" အဲ့လိုကြီးမခေါ်ပါနဲ့လို့ ကြီးကြီးယဲ့ရယ်
ဒါနဲ့ ပါးနဲ့မားဘယ်သွားတာလဲ""မင်းတို့မိဘတွေက ခရီးလွန်နေတာ ကြာဦးမယ်ထင်တယ်ကွဲ့ ကဲ ကဲ လာ အကြီးအိမ်ထဲ မင်းတို့အိမ်က လူမရှိတော့ အနွေးငွေ့မရဘဲ အေးနေမှာ လာကြ"
အိမ်နီးချင်းအကြီးယဲ့သည် ကျန့်နှင့်ရိပေါ်၂ယောက်လုံးအား ပွေ့ဖက်လျက် အခန်းထဲခေါ်လာခဲ့သည် ။
" မင်းတို့ ဖုန်းကြိုမဆက်ထားကြဘူးလား"
" ကောက အလုပ်တစ်ဖက်နဲ့ ရုတ်တရပ်လာဖြစ်သွားတာမို့ မဆက်သွယ်လိုက်မိဘူး "
" အေး ကောင်းတယ် .... ငါ့ကိုလွှဲချ"
" အဲ ကော ရိပေါ်က အဲ့လိုသဘောမျိုးဆိုလိုတာမဟုတ်ပါဘူး"
ကြီးယဲ့က ကျန့်ကိုပဲ ဆူနေကျဆိုတော့ ရိပေါ်က ကြိုပြီး ကာပြောပေးလိုက်ခါမှ ပိုဆိုးသွားရတယ့်အဖြစ် ။
YOU ARE READING
direct to the heart ~DTTH~
Random>ZawgyiUnicode < "ကျွန်တော်သွားမယ့် လမ်းက တစ်လမ်းပဲရှိတယ်ကော ...... အဲ့တာ ကောရဲ့နှလုံးသားဆီသွားမယ့် လမ်းကြောင်း" " ၀မ်ရိပေါ်ဆိုတယ့် ကလေးကောင်က တော်တော်အန္တရာယ်များတယ် "