DTTH Zawgyi+uni >10 < မူးမူးရူးရူး😖

490 20 3
                                    

Zawgyi
DTTH Part10

‍‍‍‍‍‍‍‍‍‍" ရိပေါ် ... ကင်မရာဆိုတာ မော်ဒယ်တွေမင်းသားတွေအတွက် ရည်းစားပဲ ရည်းစားလိုသဘောထားရမယ် "

" ရည်းစားလို .... ရည်းစားမထားဖူးတော့မသိဘူး မန်နေဂျာကြီးရဲ့ "

ဝမ်ရိပေါ်စကားကြောင့် ကျန်းချန်ကိုယ့်နဖူးကို ဖက်ခနဲပြန်ရိုက်မိသွားသည် ။

" အဲ့တာဆိုရင် ကိုယ်သဘောကျနေတယ့်သူတစ်ယောက်ပေါ့ အဲ့လိုလူတော့ရှိမှာပဲ အဲ့လိုသဘောထားကြည့်ကွာ "

" ဗျာ "

မျက်လုံးထဲ ကျန့်ကောကိုပဲ မြင်ယောင်လာသည် ။ မျက်နှာဖွေးဖွေးမှာ ထင်ရှားနေတယ့် ကြည်တောက်တောက် မျက်ဝန်းတွေ ၊ ကိုယ်နဲ့စကားပြောတိုင်း တွန့်ခေါက်နေတတ်တယ့် မျက်ခုံးလေးတွေ၊ ဒေါသထွက်တိုင်း စူထွက်နေတယ့် နှုတ်ခမ်းရဲရဲလေး၊ အသက်သာကြီးတာတခါတလေ ကလေးဆန်တတ်တယ့်ကျန့်ကော ဟာ ရိပေါ်ရဲ့ ချစ်မြတ်နိုးသဘောကျရတယ့် သူမှမဟုတ်ရင် ဘယ်သူလဲ ။

{သာသာပဲ -စတာပါ }

ကျန့်ကောသာသိသွားရင် ၀မ်းသာသွားမလား တော်လိုက်တာဆိုပြီး ခေါင်းလေးပုတ်ပြီးချီးမွမ်းမလား စဉ်းစားပြီး ဝမ်ရိပေါ် တစ်ယောက်တည်း ပြုံးမိလာသည် ။

" ဟုတ်ပြီမင်းသား အဲ့တိုင်းလေးပဲနေ
ဟုတ်ပြီ ဖိုင်းတယ် ..... အဆင်ပြေနေပြီ မင်းသားကင်မရာလေးကိုတစ်ချက်ကြည့်ပါ
အဆင်ပြေပါတယ်နော် အဲ့တိုင်းပဲပြုံးနေပါ
ဟုတ်နေပြီ ...... တော်တယ် အဲ့တိုင်းဘေးလေးစောင်းပြီး ပရောဒက်လေးကိုကြည့်နေပါ ဟုတ်ပါပြီပုံတွေအရမ်းမိုက်ပါတယ် မင်းသားတာဝန်ကျေပါတယ်နော် အရမ်းတော်တယ်"

အစတည်းက အူတူတူလေးပါဆို ကင်မရာမန်းက ဆူပူနေတော့လူကထူပြီး ဘာလုပ်ရမှန်းမသိတော့ဘူး ။ တချို့တောင်ရှိတယ်လေ ။ ကိုယ့်ပုံစံအတိုင်းလုပ်နေတုန်းကအကောင်း ဘေးကနေဟိုလိုလုပ် ဒီလိုလုပ် မြန်မြန်လုပ်ဆိုပြီးဝင်ပြောရင် ပုံစံပျက်ပျက်ပြီးအလုပ်္မတွင်​တော့ဘူး ။ အခုတော့ သူ့ကင်မရာထဲကပုံတွေကိုငုံ့ကြည့်ကြည့်ပြီး သဘောတွေကျခါ ရိပေါ်ကိုလက်မတွေထောင်ပြပြီးချီးကျူးနေသေးသည် ။

direct to the heart ~DTTH~Where stories live. Discover now