DTTH > 26< သူစိမ်းလောက်တောင်

198 16 1
                                    

‍‍‍‍‍‍" ဒေါက်တာ သားငယ်က သားကျန့်ကိုဘာလို့မမှတ်မိရတာလဲ ..... ကျွန်မတို့ကိုတော့သူသိပါတယ် "

" ဟုတ်ကဲ့ဗျ လူနာကိုစစ်ဆေးကြည့်တာတော့ အားလုံးအဆင်ပြေပါတယ် ကြီးကြီးမားမားထိခိုက်မှုရော အသေးမွှားရော ဘာမှရှိမနေဘူးဗျ "

" မဖြစ်နိုင်ဘူးဒေါက်တာ ထပ်ပြီးစစ်ဆေးပေးပါသားငယ် အက်ဆီးဒန့်ကြောင့် ဦးခေါင်းတစ်နေရာရာများ"

" မားရယ် အဲ့လောက်ကြီးမတွေးပါနဲ့ ဆရာဝန်ပြောတာနားထောင်ကြည့်ပါဦးကွာ အားနာစရာကြီး"

" ရပါတယ်ဦးလေး အန်တီ့ကိုနားလည်ပါတယ် ဒါကဖြစ်တောင့်ဖြစ်ခဲဆိုတော့လေ"

" ဘာပြဿနာများရှိနေတာလဲဒေါက်တာ"


" ဦးလေးတို့အရမ်းမစိုးရိမ်ပါနဲ့ ..... တကယ်ဆို ဒီလောက်က တခြားအရုံကြောထိတာတို့ ကိုယ်အင်္ဂါပျက်ဆီးတာတို့ထပ်စာရင် အနည်းငယ်စိတ်သက်သာရမှာပါ "

" ဟုတ်ကဲ့ဒေါက်တာ ကျွန်တော်တို့လည်း ဆုတောင်းနေရတာပါ ..... ဒါပေမယ့် သားငယ်က သားကျန့်ကိုပဲ မမှတ်မိဘူးဖြစ်နေတာကကျတော့ "


" ဒါက ဒီလိုရှိပါတယ်ဗျာ ..... ဦးလေးတို့သဘောပေါက်လွယ်အောင် ဆေးနည်းနဲ့မပြောဘူး စက်ပစ္စည်းတစ်ခုခုနဲ့ယှဥ်ပြောပြပါ့မယ် ဥပမာ ဖုန်းပေါ့ဗျာ ...... ဖုန်းထဲမှာ storageများလာပြီဆိုရင် ဘာဖြစ်နိုင်လဲဗျ
စက်လေးတာတို့ တခါတရံ သူ့ဒေတာအချက်လက်တွေ ပျက်သွားတာတို့ဖြစ်နိုင်လားဗျ"

" ဟုတ်တယ် ဟုတ်ပါတယ် "



" ဟုတ် ဒီသဘောပေါ့ဗျာ ...... ခေါင်းကိုထိသွားတယ့် အက်စီးဒန့်ဆိုးကျိုးက သူ့စိတ်ထဲမှာ နေရာယူထားတယ့် လူတစ်ယောက်ကို ဦးနှောက်က အချိန်တစ်ခုအတွင်း နှစ်မြုပ်ထားတာပါ "

" ဒါဆိုဒေါက်တာလေးရယ်ဖုန်းထဲမှာတစ်ခုခုပျက်သွားရင် ပြန်မရနိုင်တေ့ာသလိုမျိုးဖြစ်သွားရင်ရော "

" ကျွန်တော်အဲ့္တာရှင်းပြမလို့ပါအန်တီ
ဖူန်းဆိုတယ့်စက်ပစ္စည်းနဲ့ လူကမတူပါဘူး
လူ္မှာက အသွေသားရှိတယ် ခံ္စားနိုင်တယ် .... "

direct to the heart ~DTTH~Where stories live. Discover now