Zawgyi
DTTH > Part9<တီးတောင် .....
" ဘယ် .. အဟင်း ! "
မနက်စောစောစီးစီး ဘဲလ်တီးသံကြောင့် ရိပေါ်က တခါးသွားဖွင့်တော့ ကျန့် ဘယ်သူလာတာလဲမေးမလို့ နှူတ်ခမ်းလေး တွန့်သွားရသည် ။ မနေ့က အခြေနေကြောင့် တစ်ယောက်နှင့်တစ်ယောက် စကားပြောဆိုဖို့တန့်နေကြတာဖြစ်သည် ။ မနေ့ညကတည်းကအခြေနေတွေ ငြိမ်သက်နေခဲ့ခြင်းပင် ။
" ရှောင်ကျန့် ..."
" အဲ ဒေါက်တာ ... အစောကြီး "
" ဟုတ်တယ် ကော်ဖီလေးသောက်ပြီးလေညှင်းခံထွက်ရအောင်လို့ ဒီအချိန်လောက်ဆိုအတော်ပဲလေ "
" ဪ ဟုတ် အဲ့တာဆိုခဏလောက်စောင့်ပေးလို့ရမလား ဒေါက်တာ "
အိမ်ထဲမှာ ရိပေါ်နှင့်နှစ်ယောက်တည်း ပြင်းခြောက်ခြောက်အခြေနေထပ်စာရင် ဒေါက်တာနဲ့အပြင်ထွက်နေတာ ပိုအဆင်ပြေလောက်မည် ဟု တွေးခါ လက်ခံလိုက်တာဖြစ်သည် ။
" အိုခေပါဗျ စောင့်နေပါ့မယ် "
ရိပေါ်ကိုရှိသလိုတောင် မထင်ထားသော ဒေါက်တာကို ရိပေါ်လည်း အရေးတယူလုပ်ပြီးတော့နှူတ်မဆက်ချင်ပါ .....
" အပြင်သွားပြီး ကော်ဖီသောက်ကြမှာဆိုတော့ ဘာမှဧည့်ခံမနေတော့ဘူးနော်"
" အင် .... ကိုယ့်ကိုပြောတာလား ရပါတယ်
ကိစ္စမရှိပါဘူး ဒါနဲ့မင်းကရော ရှောင်ကျန့် အလုပ်ကဂျူနီယာပဲလား "" ဒီက ဆရာဝန်ကဘာလို့အဲ့လိုပြောရတာလဲ"
" ရှောင်ကျန့်က သူ့လက်အောက်ငယ်သားလေးတွေကိုဂရုစိုက်တတ်ပေမယ့် အဲ့လူတွေက တစ်မျိုးထင်သွားတတ်ကြတယ်"
ဒေါက်တာဆိုသူက ခုံပေါ်တွင် စိတ်အေးလက်အေးထိုင်ပြီး ဆရာကြီးစတိုင်လ်နှင့် ပြောသမျှကို ရိပေါ်မတ်တတ်ကလေးနားထောင်ပေးနေရသည် ။ သူက ဆက်ပြောသေးသှ်။
" ကိုယ်နဲ့တွဲတူန်းကဆို အမြဲပြဿနာတက်ခဲ့ရတာလေ ...... ဒါပေမယ့်လည်း အခုတော့ ရှောင်ကျန့်ကပေါ့ပေါ့ပါးပါးနေတတ်လို့ဆိုတာသိသွားပြီလေ "
" ကျွန်တော့်ကို ဒါတွေပြောဖို့"
" မင်းလည်း သူ့ဂရုစိုက်မှုတွေကို အထင်လွဲပြီးစိတ်ယိုင်နေမှာဆိုးလို့ "
YOU ARE READING
direct to the heart ~DTTH~
De Todo>ZawgyiUnicode < "ကျွန်တော်သွားမယ့် လမ်းက တစ်လမ်းပဲရှိတယ်ကော ...... အဲ့တာ ကောရဲ့နှလုံးသားဆီသွားမယ့် လမ်းကြောင်း" " ၀မ်ရိပေါ်ဆိုတယ့် ကလေးကောင်က တော်တော်အန္တရာယ်များတယ် "