" ဝမ်ရိပေါ် ရောက်လာပြီလား ငါ မင်းပြောသလို မင်းတို့အတွက် နေရာစီစဥ်ထားပေးတယ်နော် "
" ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် "
" ရပါတယ် ပြီးရင် ငါ့အကောင့်ကို ဒါရိုက်တာရှောင်ကျန့်လက်ခံအောင်ပြောပေး"
" ရပါတယ် ကျွန်တော်လက်ခံလိုက်ပါ့မယ်
သူ့ကို ပြောစရာမလိုပါဘူး .... ပြီးတော့ နေရာပြင်ဆင်ပေးတယ့်အတွက် ကျေးဇူးတင်ပါတယ် ""ဪ ရ ရပါတယ် ဒါရိုက်တာကြီးရယ်"
" အဟင်း ကောကောသွားရအောင် ကျွန်တော်တို့ကို ခွင့်ပြုပါဦး "
ရိပေါ် Chichi ထုတ် Product တော်တော်များများကို modeling လုပ်ဖူးသည်မို့ ရိုက်ကူးရေးတာဝန်ခံ တစ်ယောက်နှင့် ရင်းနှီးခဲ့ပြီး အခုပွဲနေရာအတွက်လည်း ထိုသူကပဲ စီစဥ်ပေးခြင်းဖြစ်သည် ။ သို့သော် ကျန့် အကောင့်လက်ခံဖို့ ကူညီပေးရမည့် အပေးအယူလေးရှိသည်မို့ ရိပေါ်က သူ့ကတိတည်ရန် အင်တင်တင်လုပ်နေသော်လည်း ကျန့် က ကိုယ်တိုင်အကောင့်ပေးလိုက်သဖြင့် ထိုတာဝန်ခံ တစ်ယောက် အကျေနပ်ကြီးကျေနပ်သွားရသည် ။
" ကောကောက နာမည်တော်တော်ကြီးတာပဲ"
ရှိုးပွဲအတွင်းတွင် သူသူကိုယ်ကိုယ် နာမည်ကြီးပုဂ္ဂိုလ်များသာ တက်ရောက်ရသည့်အလျောက် တစ်ယောက်နှင့် တစ်ယောက် စိတ်ဝင်စားမှုမရှိကြသော်လည်း
ကျန့် တို့ရောက်လာသည်နှင့် လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြသည် ။" ဝမ်ရိပေါ် ပြန်ရအောင် "
" ကျန့်ကောကလည်း ထိုင်တာဖင်တောင်မပူသေးဘူး လေ "
" ဟင်း တော်တော်ပူတာပဲ "
" ခဏလေး ကျန့်ကော ရေသွားယူပေးမယ်"
" မသွားပါနဲ့ ဒီအတိုင်း ပြန်ကြရအောင်"
" ကျန့်ကောကလည်း လိမ်မာပါတယ် နော်"
ကလေးက လူကြီးကို ပြန်ချော့ရတယ့်အဖြစ် ။ အင်းလေ လူတစ်ယောက်ကအချစ်နဲ့ထိတွေ့မိလာရင် အလိုလို သူ့ရဲ့လမ်းညွှန်မှုအောက်ကို မသိမသာဖြစ်ဖြစ် သိသိသာသာဖြစ်ဖြစ် ရောက်သွားရတာပဲ မဟုတ်လား။
ကျန့်ခေါင်းညိမ့်တော့ ရိပေါ် ထသွားသည် ။
![](https://img.wattpad.com/cover/356873166-288-k825892.jpg)
YOU ARE READING
direct to the heart ~DTTH~
Fanfic>ZawgyiUnicode < "ကျွန်တော်သွားမယ့် လမ်းက တစ်လမ်းပဲရှိတယ်ကော ...... အဲ့တာ ကောရဲ့နှလုံးသားဆီသွားမယ့် လမ်းကြောင်း" " ၀မ်ရိပေါ်ဆိုတယ့် ကလေးကောင်က တော်တော်အန္တရာယ်များတယ် "