" အိုခေ မင်းသား က မင်းသမီးရဲ့ အနားတိုးလိုက်ပါ "
" ဒီလောက်ဆိုရလား "
"အိုခေ ရပါတယ် .... မင်းသမီးဖက်ကို တစ်ချက်လောက် ကြည့်လိုက်ပါ "
" ဩ ... ဒီလို "
" မင်းသားကပြုံးပြီးကြည့်လေ ... ကိုယ့်ကောင်မလေးကို အသက်ပါပါ ပြုံးပြုံးလေး အပြုံးချိုချိုလေး နဲ့ "
" ဟင်း စိတ်တွေ ရှုတ်လာပြီ "
" အမလေး စိတ်တော့မရှုတ်လိုက်ပါနဲ့ မပြုံးချင်လည်း မပြုံးနဲ့တော့ ပုခုံးလေးတော့ကိုင်လိုက်ပါလား "
" ပုခုံးကို ..... အားနာစရာကြီး ကိုယ့်စီနီယာအစ်မကို လေ "
" အဲ! "
ဟိုဟာ လုပ်ခိုင်းလည်းမရ ဒီဟာလုပ်ခိုင်းလည်းအင်တင်တင်ဆိုတော့ ကင်မရာမန်း မျက်နှာအိုကျလာသည် ။ ရိပေါ်လည်း မတတ်နိုင်ပါ ။ အင်္ကျီBrand တစ်မျိုးအတွက် ကြော်ညာမော်ဒယ်အဖြစ် ကမ်းလှမ်းခံရတာမို့ ဝမ်းသာပြီး လက်ခံလိုက်သော်လည်း အခုမှနောင်တရချင်သလိုလို ။ ကျန့်ကလည်း တိုက်တွန်းလို့သာ လက်ခံ လိုက်ရတာပေါ့ ။
" အိုခေ cutပါ ! ..... အားလုံးပဲ နားကြမယ်
ပင်ပန်းသွားကြပြီနော် "" ကင်မရာမန်းကြီးလည်း ကျွန်တော့်ကြောင့် ပင်ပန်းသွားရပြီနော် အအေးလေး သုံးဆောင်ပါဦး လား "
ရိပေါ် လက်ထဲက အချိုရည်ဘူးလေးကို ကင်မရာမန်းကြီးဆီသို့ ရိုကျိုးစွာဖြင့် ကမ်းလိုက်တော့ ရယ်ရှာသည် ။
" ဟား မင်းကအလိုက်သိတတ်တာပဲ ကျေးဇူးပါကွာ .... ပြီးတော့ မင်းလည်းကြိုးစားခဲ့ပါတယ် ဒီနေ့အတွက် တာဝန်ကျပါတယ် စုံတွဲ ပို့စ်တွေမှာလိုအပ်နေသေးပေမယ့် one man show ပိုစ့်တွေမှာ အရမ်းကောင်းနေပြီ .... ကြိုးစားပါ မင်းမှာ အောင်မြင်မယ့် အရှိန်အဝါတွေ ငါမြင်တယ်"
" အခုလို အားပေးတယ့်အတွက်ကျေးဇူးတင်ပါတယ်ဗျာ .... ကျွန်တော့်ကို ခွင့်ပြုပါဦး"
" အင်း ..... မင်းသားကို နောက်ထပ်ဆက်သွယ်ဖို့ရှိတာမို့ အဲ့ချိန်ကျရင်လည်း ကူညီပေးပါဦး "
![](https://img.wattpad.com/cover/356873166-288-k825892.jpg)
YOU ARE READING
direct to the heart ~DTTH~
Fanfiction>ZawgyiUnicode < "ကျွန်တော်သွားမယ့် လမ်းက တစ်လမ်းပဲရှိတယ်ကော ...... အဲ့တာ ကောရဲ့နှလုံးသားဆီသွားမယ့် လမ်းကြောင်း" " ၀မ်ရိပေါ်ဆိုတယ့် ကလေးကောင်က တော်တော်အန္တရာယ်များတယ် "