DTTH Zawgyi+uni >14< ပြစ်ချက်

358 14 0
                                    

Zawgyi
‍‍‍‍‍‍‍‍‍‍‍‍‍" ဒါဘာလဲ ဝမ်ရိပေါ် "

" ဗျာ "

ကျန့်သည် ဖုန်းစခရင်ကို ရိပေါ်ဆီသို့လှည့်ပြခါမေးလိုက်သည်။ ဖုန်းတွင် မနေ့ညကမှတက်လာသောပို့စ်သည်ပေါ်ပြူလာနောင်းဖြစ်ခါ အနုပညာလောကသတင်းချန်နယ်များတွင်ပါ ဟိုလေးတကျော်ကျော်ဖြစ်နေသည့် မုရန်ဇီသည် ရိပေါ်ပုခုံးပေါ်မေးတင်ထားသည့် ပို့စ်တစ်ခုဖြစ်နေ၏။ အခုလို ယောက်ယက်ခက်နိုင် ရိပေါ်ကို အသိပေးပြီးသားဆိုသော်လည်း သူ့ကောကောအတွက်​ ယုံယုံကြည်ကြည်လက်ခံခဲ့ရာကနေ အခုတော့တလွဲတြွေဖစ်ကုန်တော့မည်။

" ဝမ်ရိပေါ် ..... မင်း "

" ကော အဲ့ဒါကလေ "

" ဘာလို့ မုရန်ဇီနဲ့မှလည်း .... ဝမ်ရိပေါ် ငါဒီတစ်ခါတော့ မင်းကိုပြောဖြစ်တော့မယ် မင်းကိုငါတော်တော်စိတ်ကုန်တယ်သိလား မင်းကလေငါ့အတွက် တော်တော် စိတ်ကသိကအောင့်ဖြစ်စေတာပဲ "

" ကော ရိပေါ် ရိပေါ် တောင်းပန်ပါတယ်
ရိပေါ်က ရိပေါ်က "

ခါတိုင်းဆက်ဆံတာထပ် ကျန့်၏ မျက်ဝန်းတွေက ပိုပြီးပြင်းထန်လာ၍ ရိပေါ် မျက်ရေအဝိုင်းသားတို့ဖြင့် ထေ့ထေ့ငေါ့ငေါတောင်းပန်လာရသည် ။

" ပြောလိုက်ရင် အဲ့တိုင်းပဲ .... မင်းဘယ်အချိန်မှရင့်ကျက်နိုင်မှာလဲ တောင်းပန်တယ့်စကားတစ်ခွန်းက ပြဿနာတွေကိုမပြေလည်စေဘူးဆိုတာမင်းသိသင့်တယ် "

" ဒါတွေက ဒါတွေက "

ကျန့်ကောနဲ့ အဆင်ပြေချင်လို့ ....

ကျန့်ကောဆီက တော်လိုက်တာဆိုတယ့် ချီးမွမ်းသံလေးတစွန်းတစကြားချင်လို့ .....

ကျန့်ကောဆီက နွေးနွေးထွေးထွေးအကြည့်လေးတွေ မက်မောမိလို့ .....

ဆိုတာကို ကောင်လေးမပြောထွက် ။
နှူတ်ခမ်းတွေတဆတ်ဆတ်တုန်လာပြီး အသံထွက်မလာအောင် ကြောက်နေမိသည်။
ဒီထပ်ပိုပြီး ကျန့်ကောရဲ့ အကြည့်စိမ်းစိမ်းတွေကို မခံဝံ့္ဖူး ။ စကားလုံးရင့်ရင့်တွေ နားမခံသာတော့ဘူးမလား ။ ကောနှင့် ပတ်သတ်လျှင် ယောက်ျားလေးတန်မဲ့ မျက်ရေ လွယ်နေမိတာက ချစ်လို့ပါ ။ ကောကို သိပ်ချစ်လို့ မဟုတ်လား ။

direct to the heart ~DTTH~Where stories live. Discover now