ကလေးကောင် နှူတ်ခမ်းတွေက .....>Zawgyi<
" ဟပ်ချီးးးး "အထပ်ထပ်အခါခါ နှာချေနေပြီး လက်တွေလည်းကြဉ်ထုံနေပြီ ။ ထိုင်စောင့်နေရသည့် ခြေထောက်များလည်း ခဲပင် တောင့်နေပြီလားမသိ ။ လွန်ခဲ့သည့် တစ်နှစ်က မွေးနေ့လက်ဆောင်ဟု ပို့ပေးသည့် လက်ပတ်နာရီလေးကိုငုံ့ကြည့်တော့ ၆နာရီထိုးပြီ ။ ဗိုက်ကလည်း တဂွီဂွီနဲ့မို့ နည်းနည်းလေးမျှပင်မလှုပ်ရှားနိုင်ဘဲ ထိုင်နေစဲဖြစ်သည်။
" ရိပေါ် "
ထိုအသံလေးကြားလိုက်တော့မှ ခန္ဓာကိုယ်ထဲအနွေးဓာတ်လိုင်းလေး ဖြတ်ကူးဝင်လာသလို။
ရိပေါ် ချက်ချင်းထရပ်လိုက်သည်။" ရှောင်ကျန့် ဂရိုစိုက်နော် လာပေးတယ့် ကြက်ပေါင်းရည်တွေကို အကုန်သောက်ပါ ဗိုက်ဆာရင် ထမင်းမစားသေးနဲ့ဦး တစ်ခုခုမှားပြီး စားပါ .... ဒါမှမဟုတ် ကိုယ်ပို့ခိုင်းလိုက်မယ်လေ "
" ရပါတယ် ဒေါက်တာ အခုလို အိမ်တိုင်ရာရောက် လာပို့တာကိုပဲ ကျေးဇူးအထူးတင်ရှိပါတယ် "
" ကျေးဇူးတင်တယ်ဆို နေကောင်းအောင်နေပါ ဒါဆိုခွင့်ပြုပါဦး "
"ဟုတ် "
ရိပေါ်သည် ကုပ်ကုပ်လေရပ်ကြည့်နခဲ့သော်လည်း ရုပ်ဖြောင့်ဖြောင့် ဒေါက်တာသည် ဂရုပင်မစိုက်ဘဲ မမြင်သလိုလိုနဲ့ ရှောင်ကျန့်နှင့်သာ စကားပြောပြီး ကားပေါ်တက်သွားလေသည်။
" ရိပေါ် မင်းဘာလို့မဝင်လာတာလဲ "
" ဟို အားနာလို့ ကောတို့ရှိနေလို့"
" အပြင်မှာ ခဲပြီး သေသွားချင်လို့လား
ဝင်လာခဲ့လေ မြန်မြန် "" ဟုတ် "
အိမ်ထဲရောက်တော့မှ ကိုယ်လေးလေးနွေးသလိုရှိသွားသည် ။
" ကောဗိုက်ဆာနေပြီလား အမဲသာစွပ်ပြုတ်လေးလုပ်ပေးမယ်လေ "
"တော်ပြီ ကြက်ပေါင်းရည်သောက်ထားလို့"
"ဪ ဟပ်ချီး"
" မင်း ဘယ်ကတည်းကရောက်နေတာလဲ"
" ဟို မကြာသေးပါဘူးကောရဲ့ ဟပ်ချီး"
" မကြာသေးဘူးလည်းပြောတယ် မင်းနားရွက်တွေ နီရဲနေပြီ ... ပြစမ်း"

YOU ARE READING
direct to the heart ~DTTH~
Fanfiction>ZawgyiUnicode < "ကျွန်တော်သွားမယ့် လမ်းက တစ်လမ်းပဲရှိတယ်ကော ...... အဲ့တာ ကောရဲ့နှလုံးသားဆီသွားမယ့် လမ်းကြောင်း" " ၀မ်ရိပေါ်ဆိုတယ့် ကလေးကောင်က တော်တော်အန္တရာယ်များတယ် "