DTTH >23< စိတ်မကောင်း

272 16 3
                                    

‍‍‍‍‍" ငါနဲ့တစ်နေရာ လိုက်ခဲ့ပေးဦး "

" ဗျာ ဘယ်ကို! "

" ဒီနားလေး ခဏမုန့်ထွက်စားမလို့"

" ဟို ဘီယာသောက်ဖို့တော့မဟုတ်ပါဘူးနော်"

" ဝမ်ရိပေါ် စကားတွေများလိုက်တာ မင်းလိုက်မှာလား မလိုက်ဘူးလား"

" ဟုတ် လိုက်ခဲ့မယ်ကော "

ကျန့်ကစိတ်မရှည်သည့် လေသံနှင့်ပြောတော့မှ ရိပေါ်အသည်းအသန်ဟအပေ်ထပ်ကိုကောက်စွပ်ခါ လိုက်ခဲ့တော့သည် ။

လမ်းထိပ်စတိုးဆိုင်အရောက် ......

" ကော ဒီဆိုင်ကိုကားနဲ့လာတာလား တခြားသွားစရာရှိသေးလား "

" ကားနဲ့မလာလို့မရဘူး .... လူတွေနဲ့တွေ့ရင်နှုတ်ဆတ်နေရဦးမယ် .... ဒီကြားတည်း fan clubကလူတွေက ကြောက်ဖို့ကောင်းနေလို့"

ဆိုင်ထဲတောင် လူရိပ်မတွေ့တော့မှ ကားပေါ်ဆင်းခဲ့ကြသည် ။

" အနုပညာလောကမှာနာမည်တစ်ခုရလာဖို့ကလွယ်တယ် ထူးဆန်းတာတစ်ခုခုထွင်ပြလိုက်ရင် အခုခေတ်က နာမည်တန်းကြီးသွားတယ်
ဒါပေမယ့် အဲ့နာမည်ကိုထိန်းသိမ်းဖို့ခက်တယ်
အန္တရာယ်လည်းများတယ် "

" ဟုတ် "

" အဲ့တာကြောင့် မင်းကိုဒီလောကထဲဆွဲမသွင်းချင်တာ ....... ပြီးတော့ "

" ပြီးတော့ ဘာရှိသေးတာလဲကောကော"

စိတ်ဝင်တစားနားထောင်နေသည့် ရိပေါ်ကို တစ်ချက်ကြည့်ပြီး ဆက်ပြောမယ့်စကား ပြောမထွက်တော့ ။

" ဟို ရိပေါ် စားချင်တာရှိလား သွားကြည့်ခဲ့
ငါမေးစရာလေးရှိလို့ "

" ဟုတ် ! "

တမင်ပထုတ်လိုက်တော့ ကလေးကောင်က Snack standဖက်ကို တောင်ကြည့်မြောက်ကြည့်ဖြင့် ထွက်သွားသည် ။ မကြာသေးခင်က ကျန့် စတိုးဆိုင်မှာ ဆုံခဲ့သည့် ကျောင်းသူလေးတွေအကြောင်းစုံစမ်းရန် ငွေရှင်းကောင်တာဆီ ဝင်လာခဲ့သည် ။

" ညီလေး အစ်ကို မေးစရာလေးရှိလို့"

" ဟုတ် ! "

ဟုတ်ဆိုသော်လည်း ဖုန်းစခရင်မှ ကောင်လေးမျက်လုံးနှင့်လက်က မခွါ။

direct to the heart ~DTTH~Where stories live. Discover now