DTTH >zawgyi+Uni20< ဖွင့်ပြောဖို့

269 15 0
                                    

‍‍‍‍‍‍‍‍‍‍‍‍‍မျက်လုံးမဖွင့်နိုင်ဘဲ နောက်ကျိနေသည်ကြောင့် နဖူးပြင်ကို အသာဖိခါ လက်က ဖူန်းကို စမ်းတန်းတန်းဖြင့် ရှာဖွေနေသည် ။

" ၉နာရီ ! "

" အား ကျစ် မစ်ကောတွေက !"

" ပါးနဲ့မား "

၅ကောလ်လောက် ခေါ်ထားသည့် မစ်ကောများကို တွေ့ပြီး ကျန့် ကျိန်းတိန်းတိန်းမျက်လုံးလေးများပြူးဝိုင်းလာပြီး ထုံထိုင်းနေသည့်ခေါင်းဟာ ရေအေးအေးတစ်ခွက် ဆေးချလိုက်သလိုပင် ။ နှလုံးခုန်သံနှူန်းကလည်း မောလာ

" ဟယ်လို ပါး ...... ဖုန်းခေါ်ထားတာတွေ့လို့"

" ဗျာ .... အိမ်ရောက်နေတယ်!? "

ပါးနဲ့မား အိမ်ရောက်နေသည့် အကြောင်း ဖုန်းထဲကနေ သိပြီးမှ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို စူးစမ်းမိသည် ။

ချီးပဲ ..... ငါ ဘယ်ရောက်နေတာလဲ!?

အိပ်ရာထက်မှ ဟို ကြည့်ဒီကြည့်အဖြေရှာပြီး ထလာခဲ့သည် ။

" ပါး ကျွန်တော်အခု ပြန်လာခဲ့မယ်နော် အခုလာခဲ့မယ် "

ကျန့်ဖုန်းချပြီး အခန်းထဲကို ဟိုကြည့်ဒီကြည့်ဖြင့် စူးစမ်းမိသည် ။

ဒီအိမ်က ........

" ရှောင်ကျန့် နိုးလာပြီလား"

" ဒေါက်တာ ..... ကျွန်တော့်ဆိုင်မှာရှိနေခဲ့တာပါ "

ကျန့် ဆိုင်မှာ သောက်နေတာကိုတော့ ဦးနှောက်ကဒက်ခနဲ သတင်းပို့လာသဖြင့် အိမ်ပိုင်ရှင် ဒေါက်တာ့အား သံသယမျက်လုံးများဖြင့် မေးခွန်းထုတ်မိလိုက်သည်။


" အင်း ကိုယ်မင်းကို တစ်ယောက်တည်း မထားချင်လို့လေ မင်း ဘာကြောင့်"

" နေဦး ဒေါက်တာ ..... ဒေါက်တာနဲ့ကျွန်တော့်ပုံတွေ Social mediaတွေမှာ ပျံ့နေတယ် ဒေါက်တာ မသိတာလား "

အခန့်မသင့်ရင် ဒေါက်တာ့ အိမ်ကို ည​ြီးမိုးချုပ်ရောက်နေတယ့် ပုံတွေတောင် ပျံ့သွားနိုင်သည်လေ .....။

ဟင့်အင်း .... ကျန့် ဒီထပ်ပိုပြီး အထင်လွဲမခံနိုင်တော့ဘူး ။ BL Shipperတွေကိုရော စတားကိုပါ စပို့တင်းပေးနေတယ့်လူတွေကို လိမ်လည်လှည့်ဖျားနေသလို ခံစားမိနေတာဖြစ်သည် ။

direct to the heart ~DTTH~Where stories live. Discover now