" လွတ်လပ်မှုအပြည့်နဲ့ ဘဝကို ရိုးရိုးရှင်းရှင်းဖြတ်သန်းနေတယ့် ဒါရိုက်တာကြီးကျန်းချန် နေကောင်းကျန်းမာရဲ့လားဗျ"
" ကိုယ်မင်းနဲ့ပြောစရာစကားမရှိဘူး"
" ကျွန်တော်ကတော့ ပြောစရာတွေအများကြီးရှိနေတယ်လေ ... သိပ်လွတ်လပ်နေတယ်ပေါ့ဟုတ်လား "
" ဟုတ်တယ်လေ ကိုယ်က တွဲနေတယ့်သူမရှိလို့လွတ်လပ်တယ်ပြောတာလေ "
" ဪ ဟား ဟုတ်ပြီ .... တွဲနေတယ့်သူမရှိဘူးဆိုတယ့်စကားက ဘာသဘောလဲ ကျွန်တော်အင်တာဗျူးအစဆုံးမီတယ်နော်"
" ဟုတ်တယ်လေ ဘာဖြစ်လဲ ကျန့်လည်းသက်သေရှိတယ် "
ဘေးနားက မတ်တပ်လေး အသက်ပျောက်နေသည့်ကျန့်မှာ ရုတ်တရပ် ဘာပြေးကိုင်ရမှန်းမသိဖြစ်သွားရသည် ။
" အဲ မင်းတို့ ပြောနေကြဦးလေနော် ငါ ဟို"
" နေဦးရှောင်ကျန့် မင်းဝင်ပြောလိုက်ဦး ငါအင်တာဗျူးမှာဖြေလိုက်တာကို ဇီချွင်းက နားမရှင်းဘူးထင်တယ် "
" ရှင်းတယ် ရှင်းလွန်းလို့ ထပ်မေးနေရတာလေ"
" ဘာကို ထပ်မေးတာလဲ ကိုယ့်မှာမရှိဘူးလေ တွဲနေတယ့်သူသာရှိရင် အခုလို ဖြေစရာလည်းမလိုလောက်ဘူးမလား "
၂ယောက်လုံးမှာ ဒီစကားတွေထဲက မထွက်နိုင်ဘဲ ဖြစ်နေကြတာမို့ ကျန့် စိတ်ရှူတ်လာသည် ။
" နေဦး မင်းတို့ဟာက မဟုတ်သေးဘူး
ဇီချွင်း မင်းပျောက်သွားတယ်နော် ကျန်းချန်ဘယ်လောက်တောင် မင်းကိုလွမ်းနေလိုက်မလဲ "" အဲ့တွက် ကျွန်တော် တောင်းပန်ချင်တယ်
ကျွန်တော့်ကို ကမ်းလှမ်းလာတာတွေရှိလို့ လောဘကြီးပြီး ..... လက်ခံမိသွားခဲ့တာ ကျွန်တော်စာပို့တော့ စာတွေကိုမဖတ်ခဲ့ဘူးနော် ရက်စက်တယ် "" မင်းကအရင်ရက်စက်ခဲ့တာပါ ..... မသိနိုင်ဘူးလေ မင်းကိုယ့်ကို ထားသွားရင်လည်း ထားသွားနိုင်တယ် ဘာလို့လဲဆိုတော့ ကိုရီးယားမှာက မင်းသားတွေ မော်ဒယ်ချောချောတွေအများကြီးပဲ ...... ကိုယ့်က သူတို့နဲ့ယှဥ်ရင်ဘယ်နေရာ သာနေမှာလဲ အဲ့တာကြောင့်မင်းကိုအစတည်းက မ လွှတ်ချင်ခဲ့တာ"
YOU ARE READING
direct to the heart ~DTTH~
Random>ZawgyiUnicode < "ကျွန်တော်သွားမယ့် လမ်းက တစ်လမ်းပဲရှိတယ်ကော ...... အဲ့တာ ကောရဲ့နှလုံးသားဆီသွားမယ့် လမ်းကြောင်း" " ၀မ်ရိပေါ်ဆိုတယ့် ကလေးကောင်က တော်တော်အန္တရာယ်များတယ် "