Zawygi
ဒေါက်တာရောက်လာပြီမို ကျန့် မုရန်ဇီတို့အတွဲကို သိပ်အာရုံမစိုက်တော့ဘဲ
ကော်ဖီအေးနဲ့ ကိတ်ကို ဒေါက်တာအတွက် မှာလိုက်သည်။" မသိပါဘူး .... မနေ့ကနမ်းနေရင်း ရပ်သွားတော့ တစ်ခုခုများဖြစ်လားလို့ထင်ခဲ့တာ "
" ဘာ တစ်ခုခုလဲ!? "
" ရှောင်ကျန့်လုပ်လိုက်တဲ့အမူအရာက ကိုယ်မင်းနဲ့ ရှိနေချိန်မှာ တစ်စုံတစ်ယောက်ကို သတိရသွားသလိုမျိုးလေ "
" ဒေါက်တာကတော့ အတွေးလွန်နေပြန်ပါပြီ
ဘာမှမတွေးနဲ့တော့ ရုပ်ရှင်သွားကြည့်ကြတော့မလားအခု"ရှောင်ကျန့်ပြောတော့ဒေါက်တာက ရယ်ရယ်မောမောနဲ့ ခေါင်းငြိမ့်လာပါသည် ။ ဒေါက်တာရဲ့စကားက မှန်နေသော်လည်း ကျန့်လက်မခံချင်တယ့် အမှန်တရားဖြစ်ပြီး ဒေါက်တာ့ကိုရော ကိုယ့်ကိုကိုပါ လိမ်ညာနေသည်။
ဒေါက်တာသာ ဖြစ်မလာရင် ဗေဒင်ဆရာ လုပ် အောင်မြင်နိုင်ချေရှိတယ် .....
" ရှောင်ကျန့် မင်းရွေးထားတယ့် ဇာတ်လမ်းကတော်တော်ကြောက်စရာကောင်းမှာမို့ ခိုဝင်စရာရင်ခွင်လိုမယ်ထင်တယ် .... ဘယ်လိုလဲ
ငှားရမလား "ဒေါက်တာဆိုသူက flirtစကေးလည်းကျွမ်းသား။
" ဟုတ်ပြီ အဲ့တာဆိုဒီဇာတ်လမ်းရွေးရကျိုးနပ်ပါပြီ "
ကျန့်ကနောက်သလိုလိုပြောလာတော့ ဒေါက်တာက ခေါင်းလေးကို အသာလေးဖွပုတ်လိုက်ပြီး ပုခုံးလေးကို ဖက်ခါ ရုပ်ရှင်ရုံထဲဝင်လာခဲ့သည်။ ထို့နောက် နောက်ဆုံးအတွဲခုံဆက်လေးတွင် ဝင်ထိုင်လိုက်ကြသည် ။ ရုပ်ချောချောExဒေါက်တာလေးက မုန့်ဖောက်ပေးနေတော့ ကျန့် သူ့ပုခုံးအားမှီလိုက်သည်။
" ကျန့် အေးနေလား "
တွဲဖြစ်ခဲ့တုန်းကလို ဒေါက်တာကပြန်ခေါ်လာသည် ။
" ရပါတယ် "
ဒေါက်တာ အပေါ်တစ်ထပ်ချွတ်ပြီးကျန့်ကိုယ်လေးအပေါ်ထပ်၍ ခြုံပေးလိုက်ပြီး ခါးကိုရုတ်တရပ်ဖက်လာသည် ။ ချက်ချင်းပဲ မွမ်းကျပ်လာသလိုခံစားရပြီး စိတ်ထဲလေးလံလာသည်။ ဇာတ်လမ်းကို အာရုံမစိုက်နိုင်တော့ဘဲထူခြားမှုမရှိသည့် ပုံမ္နှ်န္လှုံးခုန်နှုန်းကို အားမရဖြစ်လာသည် ။
YOU ARE READING
direct to the heart ~DTTH~
De Todo>ZawgyiUnicode < "ကျွန်တော်သွားမယ့် လမ်းက တစ်လမ်းပဲရှိတယ်ကော ...... အဲ့တာ ကောရဲ့နှလုံးသားဆီသွားမယ့် လမ်းကြောင်း" " ၀မ်ရိပေါ်ဆိုတယ့် ကလေးကောင်က တော်တော်အန္တရာယ်များတယ် "