" ပါး ပါပါးက ဘာလို့ခွင့်ပြုလိုက်တာလဲ မာမားမကြိုက်ဘူးနော် ဟင်း "
" မာမားဘာကိုပြောနေတာလဲ "
" ရှောင်းပိုင်ကိုကြည့်ရတာ မားစိတ်ထဲတစ်မျိုးပဲပါးရဲ့ "
" ဟမ် မာမားဘာပြောတာလဲ နားမလည်ဘူးကွယ် "
A4 စာရွက်တောင် ပါးလောက်မဖြူစင်နိုင်ပါဘူး ။ ရှောင်းပိုင်နှင့်ပြောနေတုန်းက ဟိတ်ကြီးဟန်ကြီး လူကြီးဂိုက်ဖမ်းနေခဲ့ပြီး မားနှသ့်ပြောတော့မှ အရိုးခံမျက်နှာလေး ဖြစ်သွားရှာသည့်ပါး ။
" ဟင်း ရှင်တို့ယောက်ျားတွေကလေ ဒါမျိုးဆိုရင် တော်တော်လေး ဝေးကြတာပဲ မားမပြောချင်တော့ဘူး "
" မာမားရယ် ပါးနားမလည်အောင် ဘာလို့ စကားကို ကွေ့ဝှိုက်နေရတာလဲကွယ် ပါးကိုသေသေချာချာရှင်းပြပါလား "
ဒဲ့ပြောလို့မကောင်းလို့ လှည့်ပတ်ပြောနေတာကို နားမလည်နိုင်သည့်ပါးကြောင့် မား စိတ်မရှည်စွာ ညည်းတွားလိုက်ပြီး
" ပြောမယ် ပြောမယ်! သေချာရှင်းပြမယ်
နားထောင် မားရဲ့ သားငယ်လေးက သားကျန့်အတွက်ပဲဖြစ်ရမယ် ပြီး သူတို့တွေကိုယ်တိုင်ကလည်း သိနေကြပြီ ကံဆိုးလို့သာ အခုလိုအဖြစ်ဆိုးမျိုးနဲ့ကြုံနေကြတာ "" ပါးက ဘာပြောနေလို့လဲ "
မားနှင့်ပါးသည် ရှောင်းပိုင်ပြန်ပြီး အတော်တန်ကြာသည်အထိ ဧည့်ခန်းထဲတွင် ထိုင်နေကျအတိုင်း စကားအချေအတင်များနေကြသည် ။
အခုခေတ်လူငယ်အများစုက ပညာရေးကို အဓိကမထားကြတော့ဘဲ ဆိုရှယ်မီဒီယာခေတ်ဖြစ်နေကြတာမို့ ရှောင်းပိုင်တို့လို ပညာရေးထူးချွန်သည့်လူငယ်များကိုတွေ့လျှင် ပါပါးက သဘောတွေ့နေတတ်တာမို့ ရှောင်းပိုင် ကို စိတ်လိုလက်ရ ဖော်ရွေနေတာကို မာမားက စိတ်တိုင်းမကျ ။
သားငယ်အပေါ်ကို စိတ်ယိုင်နေသည့် ရှောင်းပိုင်မျက်ဝန်းတွေကို မြင်နေသည့် မာမားက ရှောင်းပိုင်ကမကြည်ဖြူနိုင်သည့် အရိပ်ခြည်ကိုပါပါးက သဘောမပေါက်နိုင် ။ ထိုအခြင်းအရာကို အခြေခံနေသည့် စကားဝိုင်းမှ ရေချိုးပြီး အခန်းပြင်ထွက်လာသည့် ရိပေါ် ကြားလိုက်သည့်စကားအစွန်းစများကို နားမလည်နိုင်စွာ ထပ်တလဲလဲ နှုတ်မှရွတ်နေရင်း အဖြေရှာရန် အခန်းတစ်ခန်းသို့ ချက်ချင်းဆိုသလိုဇွတ်ဦးတည်ဝင်သွားသည် ။
YOU ARE READING
direct to the heart ~DTTH~
Random>ZawgyiUnicode < "ကျွန်တော်သွားမယ့် လမ်းက တစ်လမ်းပဲရှိတယ်ကော ...... အဲ့တာ ကောရဲ့နှလုံးသားဆီသွားမယ့် လမ်းကြောင်း" " ၀မ်ရိပေါ်ဆိုတယ့် ကလေးကောင်က တော်တော်အန္တရာယ်များတယ် "