ကိုယ်နိုးထလာတယ့်အခါ ချစ်ရတယ့် ချစ်သူလေးမျက်နှာကို တန်းမြင်ရတာက
ကံအကောင်းဆုံး လူသားပဲ .....ကျွန်တော့်ဘေးနားမှာ ကောရှိနေပြီ .....
ကျွန်တော့်ရင်ခွင်ထဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော ကော က ကလေးတစ်ယောက်လို ချစ်စရာကောင်းလွန်းတယ် ......
နှုတ်ခမ်းရဲရဲ ထော်ထော်လေးနဲ့ ကော့စင်းတယ့်မျက်တောင်စိပ်စိပ်လေးတွေနဲ့ သိပ်လှတယ့် ပန်းချီကားလေးက ကျွန်တော့်အတွက် ကောင်းချီးလေးပဲ .....
ကျွန်တော်ဟာ ဒီကမ္ဘာပေါ်မှာ ကံအကောင်းဆုံးလူသားပဲ ။
" အဟင်း ဘာတွေငေးနေတာလဲ လူတစ်ယောက်လုံးကို ရှေ့မှာထားပြီ "
" ဟောဒီ့က အိပ်ပုတ်လေးကိုငေးနေမိတာ"
နိုးနိုးချင်းကို ထေ့ငေါ့နေတယ့် ကျန့်ကို ရိပေါ် ပြုံးပြုံးကြီးကြည့်ပြီး ချော့သည်။
" ဟုတ်လို့လား .... မျက်နှာမသစ်ရသေးတာကိုအဲ့လောက်ကြည့်စရာကောင်းလို့လား "
" ကောင်းတာပေါ့ ဒီလိုညစ်ပတ်နေတာတောင် ကြည့်လို့ကောင်းလွန်းလို့ ဗိုက်ဆာလာပြီ "
" အာ ဘာဆိုင်လို့လဲ "
" ဆိုင်တာပေါ့ဗျာ ..... ကျွန်တော်က ကောနဲ့အတူမနက်စာစားဖို့စောင့်နေတာ "
" ဪ ဆာတာများစားနှင့်ပေါ့ ... အကြာကြီးထိ အိပ်နေရင် ဘယ်လိုလုပ်မလဲ"
" အခုနိုးပြီမဟုတ်လား ..... မနက်စာကျွေးတော့နော် "
" ဟင်း အင်းပါ တခါတလေလေး လုပ်ကျွေးရတာဆိုတော့ "
" ဘယ်သွားတာလဲ "
ခါတိုင်းရိပေါ်ကပဲ အရင်နိုးနေပြီး ပြင်ဆင်နေတာကျပေမယ့် ဒီနေ့တော့ အရင်ဆာနေတယိ့ရိပေါ်ကြောင့်မနက်စာပြင်ဆင်ဖို့ ထထိုင်လိုက်သည့်ကျန့်ခါးလေးကို ရိပေါ်က ဖက်တွယ်ပြီးမေးတော့ ကျန့်မှာ အိပ်ချင်မူးတူးတူး ရုပ်လေးနှင့်မို့ ရိပေါ်သဘောကျနေသည်။
" ဘာလုပ်တာလဲ မနက်စာဆို "
" မနက်စာက ဒီမှာ "
YOU ARE READING
direct to the heart ~DTTH~
De Todo>ZawgyiUnicode < "ကျွန်တော်သွားမယ့် လမ်းက တစ်လမ်းပဲရှိတယ်ကော ...... အဲ့တာ ကောရဲ့နှလုံးသားဆီသွားမယ့် လမ်းကြောင်း" " ၀မ်ရိပေါ်ဆိုတယ့် ကလေးကောင်က တော်တော်အန္တရာယ်များတယ် "