ဆောင်းရာသီနံနက်ခင်း မြူခိုးလေးတွေက ကျောင်းသွားသည့်လမ်းတစ်လျှောက် ရှိနေပြီး စက်ဘီးတစ်စီးပေါ်မှာ ကျွန်တော်တို့နှစ်ယောက်။
ကျောင်းနောက်ကျမှာစိုး၍ ခပ်သွက်သွက်နင်းနေတဲ့ ထယ်ယောင်းရဲ့ကျောပြင်ကို အမြင်ကတ်စွာ တစ်ချက်ရိုက်ပြစ်လိုက်သည်။
ကျောင်းနောက်ကျလို့ အပြစ်ပေးခံရရင် ဒင်းကိုအလွှတ်မပေးဘူး...သူ့အိမ်မှာ ကားရှိနေပါလျက်နဲ့ သူများစက်ဘီးနဲ့ပဲအမြဲလိုက်တယ်။ အရင်နေ့တွေကတော့ ကျွန်တော်စက်ဘီးမနင်းရလို့ သဘောကျပေမယ့် ဒီနေ့တော့သူ့ကိုအမြင်ကတ်သည်။ သူ့ကြောင့် ကျောင်းနောက်ကျတော့မယ်လေ...
" မြန်မြန်နင်း! ကျောင်းနောက်ကျရင် မင်းကိုသတ်မှာ "
" ငါနင်းနေတာပဲ ဂျီမင်းရ! "
ကျွန်တော်တို့က အထက်တန်းကျောင်းသားတွေဆိုပါတော့။ ဒီနှစ်စာမေးပွဲဖြေပြီးရင် နောက်တစ်နှစ်တတ်ပြီး စာကျက်နေရတဲ့ကျောင်းသား ဘဝကနေဝတ်ကျွတ်ပြီ။
ဂျီမင်းဒီနေ့ကျောင်းမသွားဘူးလို့ ကျွန်တော့်ကိုပြောထားတာ။ အဲ့တာကြောင့် ကျောင်းတတ်ချိန်နဲ့အချိန်ကိုက်ရောက်အောင်ဆိုပြီး နောက်ကျမှ ဂျီမင်းတို့အိမ်စက်ဘီးယူထွက်လာခဲ့တာ။ အိမ်ကကားနဲ့တော့ မသွားချင်ပေ။
ဂျီမင်းတို့အိမ်ရောက်တော့ အစီအစဥ်တွေအကုန်ပျက်။ စေသနာကောင်းလွန်းသည့် ဂျီမင်းအမေသည် မနက်စာမစားခဲ့ရသေးသည့် ကျွန်တော့်ကိုထမင်းကျွေးနေတော့ စားလိုက်ရင်း အချိန်ကနောက်ကျတော့သည်။ ကျောင်းမလိုက်ဘူးလို့ပြောတဲ့ ဂျီမင်းကတော့ အိတ်ကိုလွယ်ထားရင် စူပုတ်ပုတ်နဲ့ ထိုင်စောင့်နေရသည်ပေါ့..." မင်းစက်ဘီးက ဘာဖြစ်လို့ ငါ့စက်ဘီးလာယူတာလဲ "
" ဟင်း! ငါ့စက်ဘီး ဘီးပေါက်နေပြန်ပြီလေ "
သက်ပြင်းတစ်ချက်ချရင်း ဖြေလာသည့် သူငယ်ချင်းကြောင့် စိတ်မကောင်း။ သူဒုက္ခကလဲ သေးမှမသေးပဲ..
" ထပ်ပြီး သူပဲလား "
" မပြောချင်တော့ပါဘူး..သူ့အကြောင်းမတွေးချင်းဘူး.."
YOU ARE READING
Bad Boy To My Boy [ Completed]
FanfictionPhoto crd to owner with respect Idols image ထိခိုက်လိုစိတ် လုံးဝမရှိပါ...