" မေမေ..ဂျီမင်းအိမ်ထဲမှာရှိလား "
ထယ်ယောင်း စက်ဘီးကိုအပြေးနင်းလာကာ အမောပင်မဖြေရသေး ဂျီမင်းမေမေကိုတွေ့သဖြင့်မေးလိုက်ခြင်း။ ဒီနေ့သူငယ်ချင်း ၃ ယောက် ရုပ်ရှင်အတူသွားကြည့်ဖို့ တိုင်ပင်ထားကြတာ။
ထယ်ယောင်းနဲ့ဂျီမင်းက စက်ဘီးဖြင့် ထယ်မင်တို့အိမ်ကိုသွားခေါ်ပြီး ရုပ်ရှင်ရုံကိုသွားမှာ။ ဒါပေမယ့် ထယ်ယောင်းအိမ်မှာ လုပ်စရာလေးလုပ်နေတာနဲ့ နောက်ကျသွားရသည်။ ထို့ကြောင့်လဲ အမြန်နင်းလာခဲ့ရတာပေါ့။
" အော်..မင်းသူငယ်ချင်းက စူပုတ်ပုတ်နဲ့မကြာသေးခင်ကပဲ စက်ဘီးတစ်စီးနဲ့ထွက်သွားပြီ "
" သွားပီလား "
" အင်း..သိပ်တော့မကြာသေးဘူး ..အမြန်လိုက်သွားလိုက် "
" ဟုတ်ကဲ့ ကျွန်တော်လိုက်သွားတော့မယ် "
ဂျီမင်းမေမေကို သေချာပင်နှုတ်မဆက်ခဲ့တော့ပဲ စက်ဘီးကိုအမြန်နင်းကာ ရှေ့ကထွက်သွားပြီဆိုသူနောက်ကို လိုက်ရသည်။ သေချာတယ်! ထယ်ယောင်းနောက်ကျလို့ စိတ်ဆိုးသွားတာ...
အမြန်နင်းလာခဲ့ရင်း ရှေ့မှာတွေ့ပါပြီ ကျွန်တော့်ကိုစိတ်ကောက်သွားတဲ့ဖက်ထုတ်လေး..
တရွေ့ရွေ့နဲ့စက်ဘီးကိုတွန်းနေတာ..ထိုနေရာက အနည်းငယ်အမြင့်တတ်ရတော့ သူကဆင်းတွန်းနေကျ။ အမြန်မှီအောင်နင်းလိုက်ပြီး
" ဂျီမင်း...စောင့်ပါအုံး...ဟူး! မောလိုက်တာ "
ထယ်ယောင်းအော်ပြောလိုက်ပေမယ့် သူကလှည့်တောင်မကြည့်ပဲ ဆက်တွန်းနေဆဲမို့..
" ဂျီမင်း အိမ်မှာလုပ်စရာလေးနည်းနည်းရှိလို့ နောက်ကျသွားတာပါ..စိတ်မဆိုးနဲ့တော့ "
" မင်းတို့အိမ်မှာ အလုပ်သမားတွေ ဘယ်လောက်များလိုက်လဲ "
" အလုပ်သမားတွေများပေမယ့် ငါကိုယ်တိုင်လုပ်မှ ရမှာမလို့ပါ "
" ထားပါ..ငါအဲ့ကိစ္စ စိတ်ဆိုးနေတာမှ မဟုတ်တာ "
ပြောရင်း..လိုက်မမှီအောင် အမြန်တွန်းသွားသဖြင့်..
" စောင့်ပါအုံး..ဘာကိုစိတ်ဆိုးတာလဲ ပြောလေ။ ငါသေချာရှင်းပြမှာပေါ့ "
YOU ARE READING
Bad Boy To My Boy [ Completed]
FanfictionPhoto crd to owner with respect Idols image ထိခိုက်လိုစိတ် လုံးဝမရှိပါ...