သည်းကြီးမဲကြီးရွာချနေတဲ့မိုးတွေက တော်တော်နဲ့စဲသွားမည့်ပုံမရပါ။ ဂျီမင်းအခန်းထဲတစ်ယောက်ထဲဖြစ်နေပြီး မိုးသံတွေကြောင့် ဘယ်လိုမှအိပ်မပျော်နိုင်ပါ။ အခန်းတံခါးဖွင့်သံကြားလိုက်ရတော့ ဂျီမင်းမျက်လုံးတို့ကိုအတင်းဖိမှိတ်လိုက်ပြီး စောင်ကိုခပ်တင်းတင်းဆွဲခြုံထားလိုက်မိတယ်။
ဘယ်မှာသွားနေမှန်းမသိပဲ မိုးသည်းမှပြန်လာပုံကြောင့် မိုးမိလာတယ်ထင်.. အဝတ်လဲသံတွေကိုကြားနေရတယ်။ ပြီးနောက်မွေ့ယာပေါ်တတ်အိပ်လာပြီး ဂျီမင်းခြုံထားတဲ့စောင်ထဲအတင်းတိုးဝင်လာကာ လူကိုလာဖက်သည်။
" အိပ်ပျော်နေပြီလား..ဂျီမင်း "
" ...... "
ဂျီမင်းဘာမှပြန်မဖြေမိ။ အခုမောင့်ကိုစိတ်ဆိုးနေသည်မို့။
" စိတ်မဆိုးနဲ့ကွာ..မောင် ပြန်လိုက်ပို့ပေးပါ့မယ်.."
" တကယ်လား.."
" အင်း..မင်းကိုချစ်လို့.."
မောင်..ဂျီမင်းကိုစချစ်မိကတည်းက သူပျော်နေတာလေးကိုပဲ မြင်ချင်မိတာ။ သူတောင်းဆိုသမျှကိုလဲ ဖြည့်စည်းပေးချင်တာ။ ဒါပေမယ့် ဟိုသားအမိနဲ့ပတ်သတ်ရင်တော့ မောင့်စိတ်တွေကလိုက်လျောပေးဖို့ခက်သည်။
မောင့်ဘက်ကကြည့်ရင်လဲ မှားတော့မမှားပါ။ မောင့်ရင်ထဲမှာလဲဒဏ်ရာတွေနဲ့ပဲလေ။
" ကျေးဇူးပါ..ငါ မင်းနဲ့အတူရှိမနေချင်လို့ မဟုတ်ပါဘူး..အန်တီကိုလဲ ငါတကယ်စိတ်ပူလို့ပါ "
" အွန်း...မောင် နားလည်ပါတယ် "
" နောက်မှ ငါတို့တစ်ခေါက်လောက် ထပ်ပြီး ခရီးထွက်ကြရအောင်လေ.."
" အင်း.."
မောင်ဘက်ကိုလှည့်ကာ မော့ကြည့်လိုက်တော့ မောင့်မျက်နှာကသိပ်မရွှင်။ ထို့ကြောင့် မောင့်မျက်နှာလေးကို ကိုင်တွယ်လိုက်ပြီး..
" မောင်..မျက်နှာမကောင်းတော့.. ငါဘယ်လိုလုပ်ပျော်မှာလဲ.."
" မောင်..ဘာမှမဖြစ်ဘူး..အိပ်တော့! "
" မအိပ်ချင်ပါဘူး...."
ဂျီမင်း ချွဲနွဲ့စွာပြောလိုက်တော့ မောင်ကငုံ့ကြည့်လာပြီး..
YOU ARE READING
Bad Boy To My Boy [ Completed]
FanficPhoto crd to owner with respect Idols image ထိခိုက်လိုစိတ် လုံးဝမရှိပါ...