EP - 25

1.8K 173 37
                                    

အိမ်ကိုပြန်ရောက်ကြပြီးနောက် ဂျီမင်းပထမဆုံးခြေဦးလှည့်မိတာက အန်တီရှိတဲ့ဆေးရုံကို။ တစ်ခဏအတွင်းပိန်ကျသွားတဲ့ အန်တီကိုကြည့်ပြီး ဂျီမင်း တကယ်စိတ်မကောင်း။ မောင့်ကိုဆေးရုံလိုက်ခဲ့ဖို့ခေါ်ပေမယ့် ဘယ်လိုမှခေါ်လို့မရတာကြောင့် လက်လျှော့ခဲ့ရသည်။ ထယ်ယောင်းမေမေက ဆေးရုံမှာသာရက်ရှည်ဆေးကုသမှုခံယူရဦးမည်။

ဒီနေ့ညမှာတော့ ဦးလေးဂျွန်ကခေါ်ထားသည်မို့ ဧည့်ခန်းထဲမှာဂျီမင်းတို့သုံးယောက်လုံးရှိနေကြသည်။

ဦးလေးဂျွန်က အလုပ်ကိစ္စကနေစပြောလာသည်။ ထယ်ယောင်းကအခုဆို ဦးလေးဂျွန်ရဲ့လက်ထောက်ရာထူးကိုရောက်သွားပြီတဲ့။ အထက်တန်းပြီးကတည်းက ထယ်ယောင်းကလုပ်ငန်းမှာဝင်လေ့လာနေသည်မို့ အားလုံးကအကျွမ်းတဝင်ရှိနေပြီ။ ထို့ကြောင့် ထိုရာထူးကထယ်ယောင်းနဲ့ထိုက်တန်ပါသည်။

" ပြီးတော့ သားဂျီမင်းတောင်းဆိုထားတဲ့ကိစ္စကိုလဲ ဒယ်ဒီအားလုံးစီစဥ်ပြီးပြီ "

ဦးလေးဂျွန်ရဲ့စကားကိုကြားတော့ မောင်ကနားမလည်သည့်ပုံစံဖြင့်လှည့်ကြည့်လာတယ်။

" ဒယ်ဒီအနေနဲ့ လက်ထပ်ပြီးပြီဆိုတော့ ကွန်ဒိုမှာတော့မနေစေချင်ဘူး..အဲ့တာကြောင့် အိမ်ခွဲပေးဖို့ကိုအားလုံးအဆင်ပြေအောင် စီစဥ်ထားတယ် "

ဦးလေးဂျွန်ရဲ့စကားအဆုံးမောင်ကသဘောမကျတဲ့ပုံစံဖြင့်..

" အိမ်ခွဲမနေဘူး! "

" ဂျောင်ကု..ဦးလေးဂျွန်ကိုငါတောင်းဆိုထားတာ "

" ဘာ! မောင်ကတော့ အိမ်ခွဲနေဖို့ကိုသဘောမတူဘူး "

" ကျစ်! ဂျောင်ကု.."

ဦးလေးဂျွန်တို့ရှေ့မှာ မောင်နဲ့စကားမများချင်။ ထို့ကြောင့် စိတ်ကိုလျော့လိုက်ရသည်။

" ဂျောင်ကု..မင်းကဘာလို့အိမ်ခွဲနေဖို့ကို သဘောမတူနိုင်ရတာလဲ! ငါကအားလုံးအဆင်ပြေဖို့စီစဥ်ပေးနေတာ! "

ဦးလေးဂျွန်ကလဲ မောင့်အ​ကြောင်းကိုသေချာသိသည်။ မောင့် သဝန်တိုလွန်းတဲ့အကြောင်းတွေရောပေါ့။ သဝန်တိုတာကကိစ္စမရှိပေမယ့် ဂျီမင်းတို့အိမ်ခွဲနေလိုက်တာကအကောင်းဆုံးဖြစ်လိမ့်မယ်လို့ ထင်မိတာကြောင့် မောင့်ကိုမတိုင်ပင်တော့ပဲ ဦးလေးဂျွန်ဆီမှာတောင်းဆိုလိုက်မိခြင်း။

Bad Boy To My Boy [ Completed] Where stories live. Discover now