EP-5

2.9K 239 36
                                    

ရာသီဥတုသာသာယာယာရှိလှတဲ့ နေရာဒေသ..
ညနေဘက်၄နာရီကျော်ကျော်သာ ရှိသေးပေမယ့် အအေးဓာတ်ကလေးကရှိနေပြီ။ ဆိုလ်းကနေ ဒီနေရာအထိရောက်ရှိလာခဲ့ပြီးမှ ဂျီမင်းတို့နားနေရသည်။

ဦးလေးဂျွန်က ဒီနေရာရဲ့ပိုင်ရှင်ဖြစ်တော့ ပိုင်ရှင်အတွက်သီးသန့်ပြင်ဆင်ထားတဲ့ အခန်းတွဲဘက်မှာထိုင်နေရင်း အခန်းတွေခွဲနေကြတယ်။

ခြံဝင်းကျယ်သီးသန့်ထဲမှာ ဆောက်လုပ်ထားတဲ့ အပန်းဖြေခန်းတွေက အရေအတွက်အားဖြင့် ၄ခန်းမျှသာရှိသည်။ ဒါက ဦးလေးဂျွန်တို့အတွက် သီးသန့်ဆောက်လုပ်ထားတာမလို့။ ဧည့်သည်တွေအတွက်ကတော့ အနည်းငယ်လှမ်းသည့်ဘက်မှာရှိ၏။

ဦလေးဂျွန်နဲ့ သူ့အမျိုးသမီးက တစ်ခန်း၊ ဖေဖေနဲ့မေမေက တစ်ခန်းဖြစ်တော့ ကျန်နေတာက ၂ခန်း။ ထယ်ယောင်းနဲ့ဂျောင်ကုကတော့ တစ်ခန်းတည်းအတူနေမှာမဟုတ်တာ သေချာနေပြီး ဂျီမင်းကသူတို့ထဲက တစ်ယောက်နဲ့နေရတော့မည်။

" ကိုယ့်အခန်းကို ရောက်မှပဲနားကြတော့မလား.. ဂျီမင်းက ဘယ်အခန်းမှာ နေမလဲ "

ဦလေးဂျွန်က ဂျီမင်းကိုအမေးစကားပြုလာ၏။ ဂျီမင်းအနေနဲ့သာဆို ကိုယ့်သူငယ်ချင်းဖြစ်တဲ့ထယ်ယောင်းနဲ့သာ အတူနေလိုက်မည်။

" ကျွန်တော်..ထယ်.."

" ကျွန်တော်နဲ့နေလိမ့်မယ် "

ဂျီမင်းအဖြေမပေးရသေးပဲ ဂျောင်ကုကဝင်ပြောလာတယ်။

" ဂျီမင်းသဘောကရော အဆင်ပြေလား..ဂျောင်ကုနဲ့နေဖို့ "

" ဟို.."

" သူအဆင်မပြေလောက်ဘူး ဖေဖေ..ကျွန်တော်နဲ့ပဲ နေလိမ့်မယ် "

" ဟ! မင်းတို့ကလဲ ကာယံကံရှင်သဘော..သူဆုံးဖြတ်ပါစေ.."

" ကျွန်တော်နဲ့နေရမယ် ဂျီမင်း! လာခဲ့!! "

" ဟင်! ခဏလေး...အာ့.. ! "

" ဟာ..ဟိတ်ကောင်!! "

ဂျီမင်းလက်ကောက်ဝတ်ကနေ ကိုင်ဆွဲကာ သူ့နဲ့အတူတစ်ခန်းထဲနေစေဖို့ ဆွဲခေါ်တယ်။ ဦးလေးဂျွန်က တားပေမယ့်လက်မခံပဲ ဇွတ်ကိုဆွဲခေါ်နေတာ။

Bad Boy To My Boy [ Completed] Where stories live. Discover now