EP - 31 ( Final)

2.2K 192 71
                                    

" ထွက်သွား! မင်း..အခန်းထဲကချက်ချင်းထွက်သွားး"

" မောင်ရှင်းပြဦးမယ်လေကွာ.."

" မရှင်းပြနဲ့..ဘာမှမကြာချင်ဘူး!! မင်းသွားချင်တဲ့ဆီကိုသာသွားး ဟင့်.."

" မောင်..အပျော်သွားတာမဟုတ်ဘူးလေကွာ..အလုပ်ကိစ္စနဲ့သွားမှာ..ပြီးတော့ အဲ့တာတွေကလဲ မောင့်ဂျီမင်းတစ်ယောက်ထဲအတွက်ပါကွာ.."

" အဲ့အလုပ်ပဲလုပ်နေပြီး ငါလိုအပ်တဲ့အချိန်မှာ မင်းမှမရှိပေးနိုင်ပဲ..ငါကအဲ့ဟာတွေကိုဘာလုပ်ရမှာလဲ.."

နောက်ပိုင်းမှာ မောင်ကအလုပ်ကိုအတော်လေးကြိုးစားနေကာ ဂျီမင်းကိုအချိန်ပေးတာတွေနည်းလာသည်။ ဒါပေမယ့် ဂျီမင်းနားလည်ပေးနိုင်ပါတယ်။ အခုတစ်ခါကတော့ တစ်ကယ်အဆင်မပြေ..ဂျီမင်းဘွဲ့ယူမယ့်အချိန်လေးမှာတော့ မောင့်ကိုအနားမှာရှိနေစေချင်သည်။

တစ်ယောက်ထဲသွားလဲဖြစ်ပါတယ်ဆိုတဲ့စကား တစ်ချို့သူတွေအတွက်တော့ဖြစ်ရင်ဖြစ်လိုက်မယ်။ ဂျီမင်းအတွက်တော့ မဖြစ်နိုင်ပါ။ ဂျီမင်းပျော်ရွှင်နေရမယ့်အချိန်မှာလဲ မောင့်ကိုရှိနေစေချင်သလို ဝမ်းနည်းနေတဲ့အချိန်မှာလဲ မောင့်ကိုလိုအပ်သည်။

" မောင်အချိန်မှီရင် ချက်ချင်းပြန်လာခဲ့မယ်ကွာ..နော်..အဲ့လိုကြီးငိုနေတော့ မောင်ဘယ်စိတ်ကောင်းမလဲ "

မောင် ငိုနေသူအနားကိုသွားကာ ပွေ့ဖက်ကာနှစ်သိမ့်ပေးတော့ တဖက်လှည့်သွားသည်။ အလုပ်ကိစ္စကတစ်ပတ်လောက်ကြာမှာဆိုတော့ အဲ့နေ့ကိုမမှီမှာသေချာသည်။

" မမှီပါဘူး..ငါ့ကိုလာမလိမ်နဲ့! "

" အလုပ်ကိစ္စကလဲ တကယ်အရေးကြီးနေလို့ပါ..မောင့်ကို့နားလည်ပေးမယ်မလား ဟင်.."

" မယူဘူး..အဲ့နေ့ကိုမသွားဘူး! "

" အဲ့လိုမဆိုးရဘူးလေကွာ..မင်း ဒီဘွဲ့ကိုရအောင်ဘယ်လောက်ကြိုးစားထားရလဲ..။ သွားရမယ်နော် "

" မသွားဘူး!! အဲ့ဘွဲ့လဲမလိုချင်ဘူး.."

" မောင့်ကိုကြည့်.."

" မကြည့်ဘူး..သွား! "

" ဂျွန်ဂျီမင်း..မောင့်ကိုကြည့်..မောင်ပြောပြမယ် "

Bad Boy To My Boy [ Completed] Where stories live. Discover now