" အာ့..ဖြည်းဖြည်း..နာတယ်! ဂျောင်ကု.."
" အင့်! နာတယ်လို့...မင်းလက်ကသန်လွန်းတယ်..အား.."
" အာ့...! အဲ့နားကိုမလုပ်နဲ့.."
အခန်းတွင်းပြန့်လွင့်နေတဲ့ ညဥ်းညူသံတွေကို တစ်ယောက်ယောက်ကများကြားသွားခဲ့ရင် နားရှက်စရာပင်။ အို..ရှက်စရာကောင်းလဲ ဂရုမစိုက်နိုင်ပါ..
ဂျီမင်းတို့ လုပ်စရာရှိတာကိုတော့ ဆက်လုပ်ရဦးမယ်။" အဆင်ပြေရဲ့လား..ဂျီမင်းဟျောင်း.."
" အင်း...အဲ့လိုလေးက ခံလို့ကောင်းတယ်..အာ့! ပုံမှန်ပဲသွားလေ.."
" ပုံမှန်သွားနေတာပဲ! မောင်မှ မနှိပ်ဖူးတာ.."
" မင်းက ညိုညင်တာလား.."
" မောင့်လက်တွေညောင်းနေပြီလေ.."
" ညောင်းလဲနှိပ် မင်းကြောင့်ဖြစ်တာ.."
" မောင်တို့လက်ထပ်ပွဲအတွက်စီစဥ်နေတာလေကွာ.."
မောင်ကလက်ထပ်ပွဲအတွက် အမြဲအလုပ်ရှုပ်နေတတ်ကာ ဂျီမင်းမှာလဲအငြိမ်မနေရ။ ထို့ကြောင့် ညောင်းကိုက်နေ၍ မောင့်ကိုနှိပ်ခိုင်းနေခြင်း။
" ဂျီမင်း.."
" အင်း..အာ့! ဟိတ်ကောင် နာတယ်.."
" မောင့်ဂျီမင်းနော်..ဘာ ဟိတ်ကောင်လဲ! "
" မင်းကလဲ.."
မွေ့ယာအစပ်မှာ ဂျီမင်းကခြေချထိုင်နေပြီး မောင်ကတော့ ဂျီမင်းအနောက်မှ ဒူးထောက်ထိုင်ကာ နှုတ်ခမ်းလေးစူကာ နှိပ်ပေးနေရှာသည်။ ညောင်းနေပေမယ့် တော်ပြီလို့ကလဲ မပြောရဲ..
" ဂျောင်ကု..."
" ဗျာ..."
" ငါတို့လက်ထပ်ပြီးရင် ဒီမှာပဲနေကြမယ်နော်.."
" နိုး..မောင်တို့အိမ်မှာပဲနေမယ်.."
" မရဘူးလေ..အိမ်ခွဲနေတာပိုအဆင်ပြေပါတယ်.."
ဂျီမင်းကတော့ ဒီကွန်ဒိုလေးမှာပဲနေပြီး မောင့်ကိုကျောင်းဆက်တတ်မှာဆိုလဲတတ်၊ ဒါမှမဟုတ် သူ့ဒယ်ဒီအလုပ်မှာဝင်လုပ်တာပဲဖြစ်ဖြစ် ပညာယူစေချင်တယ်။ ဂျီမင်းကတော့ နောက်ဆုံးနှစ်ပြီးအောင်တတ်ပြီး အလုပ်တစ်ခုခုမှ အခြေတကျလုပ်ကာ နှစ်ယောက်တစ်ဘဝအေးအေးဆေးဆေး ဖြတ်သန်းကြဖို့ကို စိတ်ကူးထားသည်။
YOU ARE READING
Bad Boy To My Boy [ Completed]
FanfictionPhoto crd to owner with respect Idols image ထိခိုက်လိုစိတ် လုံးဝမရှိပါ...