မျက်နှာတည့်တည့်ကျရောက်လာတဲ့ နေရောင်ခြည်ကြောင့် ဂျီမင်းလူးလွန့်ကာနိုးထလာပြီးမှ ညကကိစ္စတွေကိုပြန်မှတ်မိလာတော့သည်။ ညကမောင်နဲ့အတူရေကူးကန်ဘေးမှာနမ်းရင်း ဂျီမင်းအိပ်ပျော်သွားခဲ့တယ်။ ကြည့်ရတာမောင်က အခန်းထဲပြန်ပို့ပေးခဲ့ပုံရတယ်။
ဒါဆို မောင်က ပြန်သွားပြီလား..
ဂျီမင်းမွေ့ယာပေါ်ကဆင်းလိုက်ပြီး အခန်းထဲဝေ့ဝဲကြည့်လိုက်တယ်။ ရေချိုးခန်းထဲမှာလဲ မောင့်ကိုတွေ့လို့တွေ့ညား ဝင်ရှာမိသေးတယ်။ ဒါပေမယ့် မောင်ကမရှိ။
ဖုန်းကိုကောက်ယူကာ မောင့်ဆီကိုဆက်သွယ်လိုက်တယ်။ ဂျီမင်းထင်တာက မောင်ပြန်လာပြီလို့လေ။ မောင်ကဆေးလိပ်တွေလဲ ပြန်သောက်နေတယ်။ ဂျီမင်းဒီတိုင်းလွှတ်ထားလို့မရတော့။
ဖုန်းကဝင်ပေမယ့် မကိုင်။ ဂျီမင်းပြင်ဆင်ပြီး မောင့်နောက်ကိုလိုက်သွားဖို့ဆုံးဖြတ်လိုက်တယ်။ မောင့်ကိုပြန်သွားခေါ်မလို့။ ရေမိုးချိုးပြင်ဆင်ပြီး ခပ်သွက်သွက်သာထွက်လာခဲ့မိတော့သည်။
ဂျီမင်းရှေ့ကခြံထဲကိုဝင်သွားဖို့ တွန့်ဆုတ်နေမိတယ်။ မောင်က သူ့အဒေါ်အိမ်မှာသေချာပေါက်ရှိလိမ့်မယ်ထင်လို့ ဂျီမင်းလာခဲ့မိတာ။ သူ့အဒေါ်က ဂျီမင်းကိုဘယ်လိုတွေဆက်ဆံပြောဆိုမယ်ဆိုတာကိုတော့ တွေးမနေတော့။
ခြံထဲကိုရောက်တော့ ကောင်မလေးတစ်ယောက်ကဂျီမင်းကို ခေါ်သွားပေးတယ်။ ဧည့်ခန်းထဲမှာ ထိုင်နေတဲ့ မောင့်အဒေါ်ရှိရာကိုသွားလိုက်တယ်။
" ထိုင်..ဘာကိစ္စလဲ "
" မောင်နဲ့တွေ့ချင်လို့.."
ဂျီမင်းခပ်ပြက်ပြက်ပဲပြန်ဖြေလိုက်တယ်။
" မရှိဘူး..သူ့သူငယ်ချင်းတွေနဲ့အပြင်သွားတယ်.."
" ဘယ်ကိုသွားတာလဲ..ကျွန်တော်လိုက်သွားမယ် "
" ဒါတော့မသိဘူး.."
" ဒါဆို ကျွန်တော့်ကိုခွင့်ပြုပါဦး.."
ဂျီမင်းနှုတ်ဆက်ပြီး ထပြန်မလို့ပြင်လိုက်တယ်။
" နေဦး..မင်းတို့ကွာရှင်းမယ့်ကိစ္စ.."
ဂျီမင်း စိတ်ထဲထောင်းခနဲပင်။ မောင့်အဒေါ်ကို မကျေမနပ်ပြန်ကြည့်လိုက်တော့ တစ်ချက်ရယ်သည်။
YOU ARE READING
Bad Boy To My Boy [ Completed]
FanfictionPhoto crd to owner with respect Idols image ထိခိုက်လိုစိတ် လုံးဝမရှိပါ...