လအနည်းငယ်ကြာပြီးနောက်...
မြူးကြွကြွတီးလုံးတွေ၊ အရောင်အသွေးစုံလင်နေတဲ့အလင်းရောင်တွေကြား ထောင့်ကျကျစားပွဲဝိုင်းမှာ ဂျီမင်းတို့သူငယ်ချင်းတသိုက်။
" ထယ်မင်! မင်းရူးနေလား ဒီကိစ္စတော့ ငါလုံးဝမကူညီနိုင်ဘူး.."
" ဂျီမင်း....ငါ့ကိုမသနားတော့ဘူးလား ဟမ်! မင်းရဲ့အချစ်ဆုံးသူငယ်ချင်းလေးကို သနားပါဦး "
" ကျစ်! ထယ်မင်..မင်း "
" လုပ်ပါ...ဒါကဒီလောက်ကြီးခက်ခဲနေတာမှ မဟုတ်တာ..ထယ်ယောင်း! မင်းကူပြောပေး "
" ဂျီမင်းသဘောပဲလေ..ကူညီရမှာက ဂျီမင်းကို "
" ရတယ်..မင်းတို့နှစ်ယောက်.. သူငယ်ချင်းကောင်းမပီသဘူး! "
ထယ်မင်က စိတ်ကောက်သွားပုံရကာ သန်းစင်ခန်းဘက်ကိုထသွားသည်။ ထယ်မင် အကူအညီတောင်းတဲ့ကိစ္စက စဥ်းစားကြည့်ဦးလေ..
တိုတိုပြောရရင် အဖြစ်ကဒီလို..
ထယ်မင်အမေက သူ့သားကိုမိန်းမပေးစားချင်နေတာ။ ဒါပေမယ့် ထယ်မင်ကသူ့အမေပေးစားတဲ့မိန်းမကိုမလိုချင်ဘူး။ ငြင်းလို့မရတဲ့အဆုံး သူ့ကောင်မလေးကို ခေါ်ခဲ့မယ်လို့ပြောခဲ့တယ်။သူ့အမေကလဲ ' ခေါ်ခဲ့ ' ကြိုက်ရင်သဘောတူမယ်တဲ့။ အဲ့တာဂျီမင်းကိုသူ့ကောင်မလေးအဖြစ် ဟန်ဆောင်ခိုင်းနေခြင်း။ မိန်းမအဝတ်အစားကြီးတွေဝတ်ပြီး ဘယ်လိုကူညီပေးချင်မှာလဲ...
" ဟူးးးး ထယ်ယောင်း ငါကွန်ဒိုပြန်တော့မယ် "
" ငါလိုက်ပို့မယ်လေ.."
" ရတယ်..ထယ်မင်ကို မင်းပဲစောင့်လိုက်တော့! သူ့ကိုကူညီပေးမယ်လို့ပြောလိုက် မဟုတ်ရင်စိတ်တိုနေဦးမှာ.."
" မင်းမလုပ်ချင်ရင်..မလုပ်နဲ့ ဂျီမင်း ..သူနားလည်ပါတယ် "
ထယ်ယောင်းအနေနဲ့ ဂျီမင်းကို စိတ်ပင်ပန်းစေမယ့်အရာတွေကိုမလုပ်စေချင်ပါ။
" ငါအဆင်ပြေပါတယ်..သွားတော့မယ် ထယ်ယောင်း! "
" ဟုတ်ပြီ.. ဂျီမင်း "
ဂျီမင်းကားပါကင်ကိုရောက်တော့ ကိုယ်ပိုင်ကားအသစ်စက်စက်လေးကိုထုတ်ပြီး စီးလာခဲ့လိုက်သည်။ ကားအသစ်ရထားတာလဲမကြာသေးသလို၊ ကားမောင်းတတ်တာလဲမကြာသေးသည့်အပြင် ကွန်ဒိုမှာတစ်ယောက်ထဲခွဲနေတာလဲ မကြာသေးပါ။
YOU ARE READING
Bad Boy To My Boy [ Completed]
FanfictionPhoto crd to owner with respect Idols image ထိခိုက်လိုစိတ် လုံးဝမရှိပါ...