စိတ်ပျက်စွာ နှိုးထလာခဲ့ရပြန်သည့်နံနက်ခင်း...
မွေ့ယာအနက်ရောင်ပေါ်ကနေ ထထိုင်လိုက်တော့ ရှေ့တည့်တည့်မှာရှိတဲ့ အခန်းဝရန်တာမှာ ကျောပေးကာမတ်တပ်ရပ်ပြီး ဆေးလိပ်သောက်နေတဲ့ သူ။
အဝတ်မကပ်တဲ့ ကျောပြင်ကျယ်ကြီးမှာ လက်သည်းရာတွေ၊ လက်ဝါးရာတွေပြည့်နက်နေပြီး လက်မောင်းမှာလဲ အစင်းအကြောင်းရာတွေရှိနေသေးသည်။ သူ ဒီဘက်ကိုလှည့်လာလိုက်မယ်ဆိုရင်တော့ ပါးပြင်ကလက်ဝါးရာကိုပါ မြင်ရပါလိမ့်မည်။ ထိုအရာတွေကို ဂျီမင်းဖန်တီးထားတာ။
သူကတော့ ဂျီမင်းရှိရာကိုကျောပေးထားပြီး ဆေးလိပ်သောက်နေသည့်ပုံပင်။ အငွေ့တွေကို တဖူးဖူးမှုတ်ထုတ်နေတာကိုလဲ မြင်နေရသည်မို့။ ဂျီမင်းနိုးနေကြောင်းကိုတော့ သိလိမ့်မည်မဟုတ်ပါ။
ဒီနေရာ၊ ဒီအခန်းထဲကိုရောက်နေတာ တစ်ပတ်တောင်ရှိနေပြီ။ အခုထိအခန်းပြင်ကိုလဲ မထွက်ရပဲ ဖမ်းခေါ်ထားသည်။ အစကတော့ ကောင်းကောင်းပြောကာ နားချကြည့်ပေမယ့် မရ။ နှစ်ရက်၊ သုံးရက်လောက်ထိ သေချာနားချပေမယ့် ဂျီမင်းကိုအိမ်ပြန်မပို့ပေးခဲ့။ ထို့ကြောင့် ဂျီမင်းဘက်က အော်ဟစ်သောင်းကြမ်းပြစ်လိုက်သည်။ သူမသိအောင်ခိုးထွက်ဖို့လုပ်သည်။ သို့ပေမယ့် ဘယ်လိုမှမလွတ်မြောက်ခဲ့။
ဂျီမင်းတကယ် သူ့ကိုဘယ်လိုနားလည်ရမှန်းကို မသိတော့တာ။ ပြန်ရောက်ရောက်ချင်း လူကို အရုပ်တစ်ခုလိုဖမ်းခေါ်လာခဲ့ပြီး အခန်းထဲထည့်ထားတာ ဘယ်လိုနားလည်ရမှာလဲ။ စိတ်ပျက်ဖို့ကောင်းလွန်းသည်။ ကောင်းတာတစ်ခုကတော့ ဂျီမင်းကိုသူလက်ဖျားနဲ့တောင်မထိပါ။
သို့သော် ညကတော့ပြဿနာဖြစ်ကြသည်။ အိမ်ပြန်ပို့ပေးဖို့ပြောရင်းကနေ ပြဿနာစဖြစ်ပြီး ထယ်ယောင်းနဲ့နှိုင်းယဥ်ပြောလိုက်တော့ ဂျီမင်းကိုအနိုင်ကျင့်တော့သည်။
မွေ့ယာပေါ်မှာ ရုန်းမရအောင်ချုပ်ထားပြီး နှုတ်ခမ်းတွေကိုအငြိုးတစ်ကြီး အနိုင်ကျင့်တာဖြစ်သည်။ အဝတ်မကပ်တဲ့သူရဲ့ကျောပြင်တွေကို တဘုန်းဘုန်းရိုက်ပြီး ကုတ်ခြစ်တော့လဲ အချည်းနှီး။ လက်မောင်းတွေကိုလဲ အစင်းရာတွေထင်အောင်အထိ ကုတ်ခြစ်ပြစ်သည်။ သူ့ကိုဘယ်လိုလုပ်လုပ် လွှတ်မပေးပေမယ့် ဂျီမင်းအော်ငိုတော့မှ လွတ်ပေးလာသည်။
YOU ARE READING
Bad Boy To My Boy [ Completed]
FanfictionPhoto crd to owner with respect Idols image ထိခိုက်လိုစိတ် လုံးဝမရှိပါ...