ကျွီ...
သီးသန့်ယူထားတဲ့ ဆေးရုံခန်းထဲ တံခါးကိုခပ်ဖြည်းဖြည်းဖွင့်ကာ ဝင်လာခဲ့ပြီး စားပွဲပေါ်ကိုပါလာတဲ့ပစ္စည်းလေးတွေတင်ထားလိုက်တယ်။ ပြီးနောက် မောင် အိပ်နေတဲ့ကုတင်ဘေးကိုသွားကာ..
" မောင်..အိပ်ပျော်မနေဘူးမလား.."
မောင့်ဘက်ကစကားသံပြန်မလာပါ။ မျက်လုံးတို့ကိုဖိမှိတ်ထားဆဲ။ မနေ့ကတည်းက သတိရလာတဲ့မောင်က ဂျီမင်းဆေးရုံခန်းထဲမှာရှိနေရင် အိပ်နေတတ်တယ်။ မောင် ဆေးလွန်တာက ဆိုးဆိုးဝါးဝါးကြီး ဖြစ်သွားတာမျိုးတော့မဟုတ်။ စသုံးလိုက်တဲ့အချိန်မှာ ခန္တာကိုယ်ရဲ့လက်ခံနိုင်မှုထက် လွန်ပြီးသုံးလိုက်လို့ဖြစ်သွားတာ။ ဒါကိုလဲ မောင်ကသိပါတယ်.. တမင်သပ်သပ်လုပ်လိုက်တာ။
" မောင်က ငါ့ကိုစကားတောင်မပြောချင်တော့ဘူးပဲ.."
မောင်က မျက်လုံးဖွင့်ကြည့်လာတယ်။ ကလေးလေးလိုစိတ်ဆိုးနေတဲ့ မောင့်ကို ဂျီမင်းစိတ်ရှည်ရှည်နဲ့ချော့ဖို့လဲ ပြင်ဆင်ထားပြီးသား။ မောင့်နဖူးကို တစ်ချက်ခန့်အနမ်းပေးလိုက်တော့ မောင်ကမယုံနိုင်တဲ့မျက်လုံးလေးတွေနဲ့ ကြည့်လာခဲ့တယ်။
" မောင်.. ဘာစားမလဲ "
မောင်ကပြန်မဖြေသေးပါ။ သူ့နှုတ်ခမ်းသူကိုက်ကာ တစ်ခုခုကိုတွေးတောနေပြီး၏။
" မောင်က ကလေးလေးလိုလုပ်နေတာပဲ..banana milk သောက်မလား.."
မောင်က ခေါင်းခါပြသည်။ ပြီးတော့မှ...
" မောင်..သောက်ချင်တာ တစ်ခုတော့ရှိတယ် "
မောင်က အခုမှစကားပြန်ပြောလာတာဖြစ်သည်။
" အင်း..ဘာသောက်ချင်တာလဲ.."
" Jimin's milk..! "
" အာ..မောင့်! "
မောင့်စကားကြောင့် ဂျီမင်းမျက်နှာဘယ်နားသွားထားရမှန်းမသိတော့။ မောင်က တကယ့်နှာဗူးလေးပဲ။ စိတ်ဆိုးနေတာကြောင့် အခုလိုရိသဲ့သဲ့တွေပြောနေသေးတာ။
" အဲ့တာတော့ မရသေးဘူးလေ..မောင်ရဲ့..တစ်ခုခုမစားချင်သေးလဲ ရေပတ်တိုက်ပေးမယ်.."
YOU ARE READING
Bad Boy To My Boy [ Completed]
FanfictionPhoto crd to owner with respect Idols image ထိခိုက်လိုစိတ် လုံးဝမရှိပါ...