ဒုန်း! ဒုန်း! ဒုန်း!
စာသင်ခန်းထဲမှနေ၍ ကော်ရစ်တာတစ်လျှောက်ပြေးလွှားနေကြသော လူတွေရဲ့ခြေသံကျယ်တွေကိုကြားနေရ၏။
ဂျီမင်းတို့ အပန်းဖြေခရီးက ပြန်လာလို့မကြာခင်မှာပဲ ကျောင်းတွေပြန်ဖွင့်ပြီ။ အခုဆို ကျောင်းတတ်တာ တစ်လပင်ကျော်နေပြီ။
အပန်းဖြေခရီးကပြန်ရောက်ပြီးနောက် ဂျောင်ကုနဲ့သိပ်မတွေ့ဖြစ်တော့တာ ဖြစ်ပြီး အခုကျောင်းတွေဖွင့်ပြီးသည်အထိ။ သူလဲ သူလုပ်ချင်ရာလုပ်ရင်း အချိန်ကုန်နေလောက်မည်။ ဂျီမင်းကတော့ ကျောင်းစာကိုသာ အာရံစိုက်နေရတာဖြစ်သည်။ အထက်တန်းနောက်ဆုံးနှစ်ဆိုတာ သိပ်ကိုအရေးကြီးတာမို့ စာတွေနဲ့လုံးပန်းနေရတာ ကျွန်တော်နဲ့ထယ်ယောင်း သူငယ်ချင်းနှစ်ယောက်လုံး။
" ထယ်ယောင်း လူတွေအပြေးအလွှားနဲ့ ဘာဖြစ်ကြတာတဲ့လဲ "
" ကျောင်းနောက်ဘက်မှာ ရန်ဖြစ်ကြတယ်လို့ကြားတယ် "
" ဟင်..ဘာဖြစ်ကြတာတဲ့လဲ..ဘယ်သူတွေလဲ! ဘယ်အတန်းကလဲ! "
" ဘာလို့အရမ်းစိတ်ပူနေရတာလဲ..အရင်က အဲ့လိုမဟုတ်ပါဘူး "
" မဟုတ်..မဟုတ်ပါဘူး..ဒီတိုင်း မေးကြည့်တာ "
" ဂျောင်ကုတို့ပါမှာပေါ့..ပွဲတိုင်းသူပါတာပဲ "
" အင်း..."
" မျက်နှာမကောင်းပါလား နေမကောင်းဘူးလား.."
" မဟုတ်ပါဘူး "
ဒုန်း! ဒုန်း! ဒုန်း!
" ထယ်မင် ဘာဖြစ်လာတာလဲ "
ရုတ်တရက်ကြီး အပြေးတပိုင်းရောက်လာသူကြောင့် ထယ်ယောင်းမေးလိုက်တော့..
" ဟူး..မောတာ! အရေးကြီးသတင်း.."
" ဘာလဲ.."
" ကျောင်းနောက်မှာရန်ဖြစ်ကြတာ သိတယ်မလား "
" အင်း..ဘာဖြစ်ကြတာလဲ ထယ်မင်! ဘယ်သူတွေလဲ"
" ဂျီမင်း မင်းမျက်နှာဘာဖြစ်နေတာလဲ.. ငါပြောမှာပါ "
" ဘာမဖြစ်ဘူး..ပြောမှာဆိုပြော.."
" ရန်ဖြစ်ကြတာ..အဲ့တာ ဓားထိုးမှုပါဖြစ်တယ်တဲ့ "
YOU ARE READING
Bad Boy To My Boy [ Completed]
أدب الهواةPhoto crd to owner with respect Idols image ထိခိုက်လိုစိတ် လုံးဝမရှိပါ...