EP - 17

1.9K 196 56
                                    

မျက်နှာတည့်တည့်နေရောင်ခြည်ရောက်ရှိလာမှုကြောင့် ဂျီမင်းမျက်ခုံးလေးတွေတွန့်မိသွားရင်း နိုးထလာခဲ့တယ်။ ပထမဆုံးအမြင်အာရုံထဲဝင်ရောက်လာတာက မျက်စိတည့်တည့်က လည်စလုတ်ကြီးကြီးသာဖြစ်၏။ ဂျီမင်းရဲ့ခန္တာကိုယ်ဟာ ရင်အုပ်ကြီးကြီးတွေထဲ ထွေးပွေ့ဖက်တွယ်ထားခြင်းကိုခံထားရသည်။

" ဖယ်......ဦးးးးးး!! "

ဂျီမင်းရဲ့ အိပ်ချင်မူးတူး၊ ဝိုးတိုးဝါးတားအသံလေးကို မောင်ကကြားပုံမရ။ ဂျီမင်းမောင့်ရင်ဘတ်ကိုအသာတွန်းကြည့်ရင်း အိပ်ချင်စိတ်ကမပြေသေးတော့ ခဏငြိမ်နေမိရင်း ထပ်အိပ်ပျော်သွားခဲ့သည်။

နောက်တစ်ကြိမ် ထပ်နိုးလာတော့ နေအတော်မြင့်နေပြီဖြစ်ပေမယ့် အနေအထားကတော့ ပြောင်းလဲမသွားသေး။ ဂျီမင်းသည်တစ်ခေါ်က်တော့ အတင်းတွန်းပြစ်လိုက်၏။ ခါးကိုတင်းတင်းကြပ်ကြပ်ဖက်ထားသည့်လက်အစုံကြောင့် ဘယ်လိုတွန်းတွန်းအရာမရောက်။

" ဂျောင်ကု..ဖယ်..ငါထတော့မှာ! "

ဂျီမင်းညက ဧည့်ခန်းထဲကဆိုဖာပေါ်မှာပဲအိပ်ပျော်သွားခဲ့တာဖြစ်ပြီး အခုတော့အခန်းထဲကမွေ့ယာပေါ်ရောက်နေပြီဖြစ်သည်။

" စောသေးတယ် မထနဲ့ဦး.."

မောင့်ရဲ့မနက်ခင်းသြရှရှအသံလေးက ဂျီမင်းနားထဲတိုးဝင်လာခဲ့သည်။ ဒီလိုနိုးထလာရမယ့် မနက်ခင်းမျိုးကို ဂျီမင်းတစ်ခါမှ စိတ်ကူးတောင်မယဥ်ခဲ့ဖူး။

" မောင့်ရင်ခွင်ထဲမှာပဲနေ.."

" အင့်! ဘာလို့အတင်းဖက်နေတာလဲ.."

မောင့်လက်တွေက ဂျီမင်းကိုလှုပ်မရအောင်အထိ ကြပ်ကြပ်ကလေးဆွဲဆွဲဖက်နေတော့ ခန္တာကိုယ်နှစ်ခုဟာလေတိုးပေါက်ပင်မရှိတော့။ မောင့်ရဲ့အဝတ်မပါတဲ့အပေါ်ပိုင်းရင်အုပ်တွေမှာ ဂျီမင်းလက်တွေကရှိနေပြီး အောက်ပိုင်းတွေကလဲပူးကပ်နေကာ ခြေချင်းပင်ထပ်နေပြီဖြစ်၍ ဂျီမင်းမနေတတ်။ ဂျီမင်းကအဝတ်ပါပေမယ့် မောင်က အတွင်းခံအနက်တစ်ထည်တည်းဖြစ်သည်မို့ တစ်ချို့နေရာတွေကိုထိထိမိမိကြီး ခံစားမိနေသည်။

မောင်က ထိုခြောက်လအတွင်း တော်တော်ကိုကြီးလာတာဖြစ်သည်။ အရပ်အမောင်းရော၊ ခန္တာကိုယ်ဖွဲ့စည်းပုံရော အကုန်လုံး..အကုန်းလုံးမှ အကုန်လုံးပါပဲ။

Bad Boy To My Boy [ Completed] Where stories live. Discover now